များစွာသော K-pop Idol တွေဟာ သူတို့ရဲ့ Ideal Type တွေနဲ့ပတ်သက်ပြီး ပြောဆိုလေ့ရှိကြပါတယ်။ အဲဒီ K-pop Idol တွေထဲမှာ GOT7 အဖွဲ့လည်းပါပါတယ်။ အရင်တုန်းက GOT7 Ideal Type တွေကို အခုလိုပဲပွင့်ပွင့် လင်းလင်းပြောပြထားကြပါတယ်။
JB
GOT7 ရဲ့ ခေါင်းဆောင် JB ဟာ Ideal Type နဲ့ပတ်သက်ပြီး ဇီဇာကြောင်တတ်တဲ့သူမဟုတ်ပါဘူး။ JB လိုချင်တဲ့ မိန်းကလေးပုံစံက သူ့ကို ဆွဲဆောင်နိုင်ရမယ်။ နောက်ပြီး ချစ်စရာကောင်းရမယ်။ သစ္စွာရှိပြီး အားပေးထောက်ခံတဲ့ မိန်းကလေးပုံစံပါတဲ့။ နောက်ပြီး ထသွားထလာအဝတ်အစား၊ ဖိနပ်တွေကို ဝတ် ဆင်တတ်သူဖြစ်ပြီး အနီးစပ်ဆုံးက Girl’s Day အဖွဲ့ဝင် Minah လို ပုံစံမျိုးလို့ JB က ပြောကြားခဲ့ဖူးပါတယ်။
Mark
Mark စိတ်ကူးထဲက မိန်းကလေးကတော့ ရုပ်ရည်အရမ်းကြီးလှဖို့မလိုပဲ ကြည့်ကောင်းရုံလောက်ဆိုရပါပြီတဲ့။ စတိုင်အရမ်းကျတဲ့ မိန်းကလေးတွေကို မနှစ်သက်ဘဲ ဆံပင်ရှည်တဲ့မိန်းကလေး၊ ဂရုစိုက်တတ်ပြီး တည်ငြိမ်တဲ့ မိန်းကလေး၊ စကားပြောကောင်းတဲ့မိန်းကလေး လို့ ဆိုပါတယ်။ Mark ရဲ့ အနီးစပ်ဆုံး Ideal Type က SISTAR အဖွဲ့ဝင် Bora ဖြစ်တယ်လို့ ဆိုပါတယ်။
Jinyoung
Jinyoung ဟာ သူ့ရဲ့ Ideal Type နဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အလွန်ရိုးသားတတ်သူပါ။ သူ့ရဲ့ ဖြစ် တည်မှုကို လက်ခံပေးနိုင်မယ့်် မိန်းကလေးမျိုးကို သဘောကျသူပါ။ အရပ်ရှည်ပြီး ဆံပင်ကောင်းတဲ့သူ၊ သဘာ ဝကျတဲ့ မျက်နှာ၊ အသွင်အပြင်က Strong ဖြစ်တဲ့ ပုံစံ၊ စကားအလွန်ပြောကာ ရိုးသားပွင့်လင်းပြီး အပေါင်း လက္ခဏာဆောင်တဲ့မိန်းကလေးမျိုးကို နှစ်သက်ပါတယ်လို့ Jinyoung က ဆိုခဲ့ပါတယ်။ Jinyoung ရဲ့ အနီး စပ်ဆုံး Ideal Type က A Pink အဖွဲ့ဝင် Bomi ပုံစံဖြစ်ပါတယ်။
Jackson
Jackson က ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး သူ့မှာ Ideal Type မရှိဘူးလို့ ဆိုပါတယ်။ SNSD အဖွဲ့ဝင် Sunny နဲ့ Beyonce တို့လိုမျိုး ပုံစံ အသားညိုပြီး ကျန်းမာတဲ့မိန်းကလေးတောင် သူ့ကို ဆွဲဆောင်နိုင်တယ်လို့ ဆိုပါ တယ်။ မိန်းကလေးတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာဟာ သူ့အတွက် ပြဿနာမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး နာလည်ပြီး ပုဂ္ဂိုလ်ရေးဆက်သွယ်နိုင်မယ့်မိန်းကလေးမျိုးကို Jackson က သဘောကျတာပါ။ ပုဂ္ဂိုလ်ရေးပုံစံမှာတော့ ရင့် ကျက်ပြီး လေးစားမှုလည်းရှိကာ ဆွဲဆောင်မှုရှိတဲ့သူက Jackson ကို ပို သဘောကျစေပါတယ်။
Youngjae
Youngjae ရဲ့ Ideal Type ကလည်း ရိုးရှင်းပါတယ်။ “ သူ နှစ်သက်ရင် သူချစ်လိုက်မယ်” တဲ့။ ဒါပေမဲ့လည်း Youngjae ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုနှစ်သက်ပါတယ်။ ဆံပင်ပုံစံတွေကို သိပ်မကြည့်ဘဲ ပုဂ္ဂိုလ်ရေးဆွဲဆောင်မှုရှိတဲ့ မိန်းကလေး၊ ပင်ဂွင်းလိုလမ်းလျှောက်တတ်တဲ့ မိန်းကလေးပုံစံကိုတော့ ကြွေပါတယ် တဲ့။ Youngjae ရဲ့ အနီးစပ်ဆုံး Ideal Type ကတော့ Suzy လို့ သိရပါတယ်။
BamBam
BamBam ကတော့ အပြုံးလှပပိုင်ရှင်မိန်းကလေးကို အလွန်နှစ်သက်သူပါ။ BamBam ဟာ အပြုံးလှပပိုင်ရှင်မိန်း ကလေးကို ဘယ်လောက်တောင်ကြိုက်သလဲဆိုရင် သူမအမြဲတမ်းပြုံးနေအောင် သူကိုယ်တိုင်က ဟာသတွေ ပြောပေးမယ်။ ရယ်စရာတွေတောက်လျှောက်လုပ်ပေးမယ်လို့ ပြောပြခဲ့ဖူးပါတယ်။ ပြုံးတက်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံး ကြီးကြီးနဲ့မိန်းကလေးဆိုရင် ပိုသဘောကျပါတယ်တဲ့။ ပုဂ္ဂိုလ်ရေးဆိုရင်တော့ အားပေးထောက်ခံတတ် ပြီး စွန့်စားမှုတွေကိုနှစ်သက်တဲ့မိန်းကလေးပုံစံမျိုးပါ။ အနီးစပ်ဆုံး Ideal Type က Girls’ Generation’s Taeyeon လိုပုံစံမျိုးလို့ သိရပါတယ်။
Yugyeom
ဘာပဲလုပ်လုပ် အလွန်ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကို Yugyeom က လိုချင်ပါတယ်တဲ့။ ကိစ္စတစ်ခုခုကို ရည်စူးမှုမရှိ၊ သိရှိခြင်းမရှိဘဲ ပြီးမြောက်အောင်လုပ်တတ်တဲ့မိန်းကလေးဟာ သူလိုချင်တဲ့ မိန်းကလေးပုံစံ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားအနေနဲ့ ပိန်သွယ်ပြီး ဆံပင်ရှည်နဲ့မိန်းကလေးမျိုး၊ အမြဲတမ်း မျက်နှာမှာ အပြုံးတစ်ပွင့်ဖန်ဆင်းထားနိုင်တဲ့ မိန်းကလေးကို နှစ်သက်သလို f(x)’s Krystal ဟာ သူ့ရဲ့ Ideal Type နဲ့ နီးစပ်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။
-m2t
Ref: Kstarlive