K pop

■ BTS ရဲ့ GRAMMY အိပ်မက်ကို J-Hope အမေထံ နမိတ်ပြခဲ့သလား

—- BTS ရဲ့ နောက်ထပ်သမိုင်းဝင်အောင်မြင်မှုတစ်ခုကို J-Hope ရဲ့အမေဆီ နမိတ်ပြပါသတဲ့…

နိုဝင်ဘာလ 25 ရက်နေ့က BTS အဖွဲ့ဟာ သူတို့ရဲ့ GRAMMY ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်မှုကို ကမ္ဘာအနှံ့က ARMY တွေနဲ့ တွေ့ဆုံကာ Live လွှင့်ပြီး အောင်ပွဲခံခဲ့ပါတယ်။

BTS ဟာ “Dynamite” နဲ့ “Best Pop Duo/Group Performance” ဆုအတွက် ဆန်ခါတင်စာရင်းမှာ “Un Dia (One Day)” by J Balvin, Dua Lipa, Bad Bunny, and Tainy, “Intentions” by Justin Bieber (feat. Quavo), “Rain On Me” by Lady Gaga with Ariana Grande, and “Exile” by Taylor Swift (feat. Bon Iver) တို့နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို BTS အနေနဲ့ GRAMMY ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်လာ ပြီးတဲ့နောက်မှာ J-Hope ရဲ့ အမေဖြစ်သူက J-Hope ထံဖုန်းခေါ်ပြီး သူမ နှစ်ကြိမ်ခန့်မြင်မက်ခဲ့တဲ့ အိပ်မက်ကို ပြောပြခဲ့ပါတယ်။

J-Hope အမေမြင်မက်ခဲ့တဲ့ အိပ်မက်ကတော့ သိမ်းငှက်တစ်ကောင်ဟာ သူမရဲ့ ဦးခေါင်းထက်မှာ ပျံဝဲပြီး ဆင်းသက်နားခဲ့တာဖြစ်ပါတယ်။ ဒီအတိတ်နမိတ်ကို RM က Live လွှင့်တဲ့အချိန်မှာ အခုလို ညွှန်ပြခဲ့ပါတယ်။ သိမ်းငှက်ဆိုတာ အမေရိကန်နိုင်ငံရဲ့ အမှတ်အသားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 1782 ခုနှစ်ကတည်းက အမည်းရောင်သိမ်းငှက်ဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံငှက်အမှတ်အသားဖြစ်ခဲ့တာပါ။

BTS အဖွဲ့ဝင်တွေကတော့ GRAMMY ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်မှုဟာ J-Hope ရဲ့အမေဖြစ်သူ အိပ်မက်နဲ့ တိုက်ဆိုင်နေတယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page