K pop

■ BTS အဖွဲ့ဝင် Jungkook ရဲ့ အလန်းစား လေဆိပ်ဖက်ရှင် (၃) ခု

– – – Jungkook ရဲ့ ဖက်ရှင်တွေက ဘယ်လောက်တောင် လန်းသလဲဆိုတာ ARMY တွေ အသိဆုံးပါ။

BTS ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ အမြဲတမ်း ဖက်ရှင်ကျကျနဲ့ ဆွဲဆောင်မှု ရှိလွန်းသူ ဖြစ်ပါတယ်။

အခုအခါမှာတော့ ပရိသတ်တွေ ရွေးချယ်ပေးတဲ့ Jungkook ရဲ့ အလန်းစား လေဆိပ်ဖက်ရှင် (၃) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

အဲရောင်လယ်သာ၊ စကင်နီဂျင်းနဲ့ Jungkook

ဒီဝတ်စုံကိုတော့ Jungkook က ၂၀၁၇ ခုနှစ်အတွင်း BBMA ကို သွားရာမှာ ဝတ်ဆင်ခဲ့တာပါ။ Jungkook ဟာ ပရိသတ် လက်ဆောင်ပေးတဲ့ Noir Larmes ထုတ် အမဲရောင်လယ်သာဂျတ်ကတ်ကို ဝတ်ဆင်ထားတာပါ။ ARMY တွေလုပ်တဲ့ ဦးထုပ်ကိုလည်း ဝတ်ထားပါတယ်။ ဒါ့အပြင် Saint Laurent က ထုတ်တဲ့ Skinny Jeans ကိုလည်း ဝတ်ဆင်ထားရာမှာတော့ Jungkook ရဲ့ စတိုင်က လုံးဝမိမိုက်လွန်းနေတာပါ။

Mis-matched shoes

ဒီဝတ်စုံနဲ့လည်း Jungkook ဟာ တောက်ပလွန်းနေတာ တွေ့ရပါတယ်။ Jungkook ဟာ DWSE လက်ရှည်နဲ့mis-matched ရှူးနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိလွန်းနေတာပါ။

Classic All-black

All Black ဖက်ရှင်နဲ့ Jungkook ရဲ့ စတိုင်၊ ဒီဇိုင်းက တော်တော်လေး မိမိုက်လွန်းနေတာ တွေ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page