K pop

■ Live လွှင့်နေရင်း Sehun နဲ့ ဆက်ဆံရေးအကြောင်း အမေးခံခဲ့ရတဲ့ Sejeong

-UNICODE

– – -Sehun နဲ့ Sejeong တို့ဟာ Dating သတင်းတွေ ထွက်ခဲ့ဖူးတာကြောင့် ပရိသတ်တစ်ယောက်က….

ဇန်နဝါရီ (၁၁) ရက်နေ့မှာတော့ Kim Sejeong ဟာ Instagram ကနေ Live လွှင့်ကာ ပရိသတ်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒီအခါမှာ ပရိသတ်တွေက Kim Sejeong ကို မေးခွန်းများစွာ မေးခဲ့ကြပြီး Sejeong ကလည်း စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားရင်း ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာပါ။ အဲဒီမှာ ပရိသတ်တစ်ယောက်က “Sehun နဲ့ရော စကားပြောပြီးပြီလား”လို့ မေးခဲ့ပါတယ်။

EXO အဖွဲ့ဝင် Sehun နဲ့ Sejeong တို့ဟာ အရင်က Dating သတင်းတွေ ထွက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဆက်ဆံရေးကို သိချင်နေတဲ့ ပရိသတ်တစ်ယောက်က အခုလို မေးလိုက်ပုံရပါတယ်။ ပရိသတ်မေးတဲ့ မေးခွန်းကို Sejeong က သူတို့နှစ်ယောက်ကြားမှာ အဲဒီလိုပြောစရာ စကားရယ်လို့ မရှိကြောင်း ပြန်တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Kim Sejeong က သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မစိုးရိမ်လိုကြောင်း၊ သူမနဲ့ Sehun တို့ဟာ သူငယ်ချင်းတွေသာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

“ဒါက ထိရှလွယ်တဲ့ကိစ္စလို့ ထင်ပါတယ်။ ဒီအကြောင်းကိုပြောဖို့လည်း ကျွန်မစဉ်းစားထားပြီးသားပါ။ ပရိသတ်တွေအနနဲ့ စိုးရိမ်စရာ မလိုပါဘူး။ ကျွန်မတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး ကျွန်မတို့ရဲ့ လိုက်ဖက်မှုက ဖန်သားပြင်ပေါ်မှာပါပဲ။ ဒါကြောင့် မစိုးရိမ်ကြပါနဲ့။ ကျွန်မတို့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တာမျိူး မရှိပါဘူး”လို့ Sejeong က ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး သူမအမေရဲ့ Instagram မှာ မလိုမုန်းထားမှတ်ချက်တွေ ရေးနေတာကို ရပ်တန့်စေလိုကြောင်းလည်း Sejeong က တောင်းဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ Live လႊင့္ေနရင္း Sehun နဲ႔ ဆက္ဆံေရးအေၾကာင္း အေမးခံခဲ့ရတဲ့ Sejeong

– – -Sehun နဲ႔ Sejeong တို႔ဟာ Dating သတင္းေတြ ထြက္ခဲ့ဖူးတာေၾကာင့္ ပရိသတ္တစ္ေယာက္က….

ဇန္နဝါရီ (၁၁) ရက္ေန႔မွာေတာ့ Kim Sejeong ဟာ Instagram ကေန Live လႊင့္ကာ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံ စကားေျပာခဲ့ပါတယ္။

ဒီအခါမွာ ပရိသတ္ေတြက Kim Sejeong ကို ေမးခြန္းမ်ားစြာ ေမးခဲ့ၾကၿပီး Sejeong ကလည္း စိတ္ရွည္လက္ရွည္ ျပန္လည္ေျဖၾကားရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရွိေနခဲ့တာပါ။ အဲဒီမွာ ပရိသတ္တစ္ေယာက္က “Sehun နဲ႔ေရာ စကားေျပာၿပီးၿပီလား”လို႔ ေမးခဲ့ပါတယ္။

EXO အဖြဲ႕ဝင္ Sehun နဲ႔ Sejeong တို႔ဟာ အရင္က Dating သတင္းေတြ ထြက္ခဲ့ဖူးတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ ဆက္ဆံေရးကို သိခ်င္ေနတဲ့ ပရိသတ္တစ္ေယာက္က အခုလို ေမးလိုက္ပုံရပါတယ္။ ပရိသတ္ေမးတဲ့ ေမးခြန္းကို Sejeong က သူတို႔ႏွစ္ေယာက္ၾကားမွာ အဲဒီလိုေျပာစရာ စကားရယ္လို႔ မရွိေၾကာင္း ျပန္တုံ႔ျပန္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ Kim Sejeong က သူမတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး မစိုးရိမ္လိုေၾကာင္း၊ သူမနဲ႔ Sehun တို႔ဟာ သူငယ္ခ်င္းေတြသာျဖစ္ေၾကာင္း ရွင္းျပသြားခဲ့ပါတယ္။

“ဒါက ထိရွလြယ္တဲ့ကိစၥလို႔ ထင္ပါတယ္။ ဒီအေၾကာင္းကိုေျပာဖို႔လည္း ကြၽန္မစဥ္းစားထားၿပီးသားပါ။ ပရိသတ္ေတြအနနဲ႔ စိုးရိမ္စရာ မလိုပါဘူး။ ကြၽန္မတို႔က ရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ၿပီး ကြၽန္မတို႔ရဲ႕ လိုက္ဖက္မႈက ဖန္သားျပင္ေပၚမွာပါပဲ။ ဒါေၾကာင့္ မစိုးရိမ္ၾကပါနဲ႔။ ကြၽန္မတို႔အေနနဲ႔ ပုဂၢိဳလ္ေရးအရ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္တာမ်ိဴး မရွိပါဘူး”လို႔ Sejeong က ဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး ဒီလိုကိစၥနဲ႔ ပတ္သက္ၿပီး သူမအေမရဲ႕ Instagram မွာ မလိုမုန္းထားမွတ္ခ်က္ေတြ ေရးေနတာကို ရပ္တန႔္ေစလိုေၾကာင္းလည္း Sejeong က ေတာင္းဆိုခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page