K pop

■ IZ*ONE အဖွဲ့ဝင်တွေရဲ့ စာချုပ်သက်တမ်း ဆွေးနွေးရေးကိစ္စ ဘယ်လိုအခြေအနေ ရှိသလဲ

– – – IZ*ONE အဖွဲ့ရဲ့ စာချုပ်သက်တမ်းဟာ ဧပြီလမှာ ကုန်ဆုံးမှာဖြစ်ကာ လက်ရှိမှာတော့ စာချုပ်အတွက် ဆွေးနွေးနေကြပြီး…..

ဇန်နဝါရီ (၁၂) ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ IZ*ONE အဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအေဂျင်စီတွေရဲ့ စာချုပ်ကိစ္စအတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

IZ*ONE ဟာ Produce 48 အစီအစဉ်ကနေ ထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း ပွဲထွက်ခဲ့ကာ သူမတိုရဲ့ စာချုပ်သက်တမ်းက လာမဲ့ဧပြီလမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ IZ*ONE ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး CJ ENM တရားဝင် ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။

ဒါပေမဲ့ သတင်းတွေအရတော့ အဖွဲ့ဝင်တချို့က IZ*ONE အဖွဲ့မှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီလို့ သိရပါတယ်။ အေဂျင်စီရဲ့ အတွင်းလူတစ်ယောက်ကတော့ IZ*ONE ရဲ့ အနာဂတ်လှုပ်ရှားမှုတွေကို ဆွေးနွေးလျက်ရှိနေကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

“IZ*ONE ရဲ့ အနာဂတ်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေနဲ့ အေဂျင်စီတွေရဲ့ အမြင်ကို ကျွန်တော်တို့ တောင်းခံထားပါတယ်။ စာချုပ်သက်တမ်း မကုန်ခင် ဧပြီလအထိတော့ သူတို့ဟာ စီစဉ်ထားတဲ့အတိုင်း ပရိုမိုးရှင်းတွေ ဆက်လက်ပြုလုပ်သွားမှာပါ။ အဲဒီနောက်မှာတော့ အေဂျင်စီနဲ့ အနုပညာရှင်တွေရဲ့ အမြင်ကို နားထောင်သွားမှာပါ”လို့ အတွင်းလူတစ်ယောက်က ဖွင့်ဟခဲ့တာပါ။

ပရိသတ်တွေကတော့ IZ*ONE အဖွဲ့ မပြိုကွဲဖို့ မျှော်လင့်နေပြီး သတင်းကောင်း ကြားရမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page