—- Baby V.O.X အဖွဲ့ဝင်ဟောင်း Shim Eun Jin ဟာ ချစ်သူ မင်းသား Jeon Seung Bin နဲ့ လက်ထပ် လိုက်ပြီဖြစ်ကြောင်းကို….
ဇန်နဝါရီလ 12 ရက်နေ့က Baby V.O.X အဖွဲ့ဝင်ဟောင်း Shim Eun Jin ဟာ သူမရဲ့ Instagram အကောင့် ကနေ ချစ်သူ မင်းသား Jeon Seung Bin နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်းကို ကြေညာခဲ့လို့ ပရိသတ် တွေ အံ့အားသင့်ခဲ့ပါတယ်။
Shim Eun Jin က “ 2021 ခုနှစ် ဇန်နဝါရီလ 12 ရက်နေ့မှာ ကျွန်မအနေနဲ့ Jeon Seung Bin ရဲ့ အိမ်သူသက်ထားဇနီးမယားဖြစ်သွားပါပြီ။ ကျွန်မတို့နှစ်ဦးဟာ ပထမဆုံး MBC ကထုတ်လွှင့်တဲ့ ‘Bad Love’ ဒရာမာမှာစသိခဲ့တာဖြစ်ပြီး ဒရာမာပြီးဆုံးတော့ ချစ်ကြိုးသွယ်ခဲ့တာပါ။
တစ်စုံတစ်ဦးကတော့ မေးပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ရည်စားသက်တမ်းဟာ တစ်နှစ်တောင်မပြည့်သေး ဘဲနဲ့ လက်ထပ်လိုက်တာ စောတယ်လို့ပေါ့။ ကျွန်မအတွက် အချိန်နည်းတယ်၊ စောတယ်ဆိုတာ အ ရေးမကြီးသလို လက်ကျန်အချိန်တွေကို ဘယ်သူနဲ့ ကုန်ဆုံးချင်တယ်ဆိုတာက အရေးကြီးဆုံးဖြစ်ပါ တယ်။ ဒါကြောင့် အခုလို ဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကျွန်မတို့ဟာ မင်္ဂလာပွဲလုပ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်မယ့် ရက်ကိုတောင် အတည်မပြုရသေးပါဘူး။ နိုင်ငံခြားမှာနေနေတဲ့ ကျွန်မမိဘတွေ ကိုရီးယားကို လာ နေတာကိုလည်း စောင့်နေပါတယ်။ ကျွန်မရဲ့ မိသားစုလေးစုံနိုင်မယ့်နေ့ကို စောင့်ဆိုင်းနေပါတယ်” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
-m2t
Ref: Allkpop