K pop

■ အဖွဲ့ဝင်တွေထဲမှာ ဘယ်သူက အဆိုးရွားဆုံး Dancer လဲလို့ BTS အမေးခံရတဲ့အခါ

—- အဖွဲ့ဝင်တွေထဲမှာ ဘယ်သူက အဆိုးရွားဆုံး Dancer လဲလို့ BTS အမေးခံရတဲ့အခါ… ဘယ်လို ပြန်ဖြေမလဲလို့ ထင်ပါသလဲ…

BTS အဖွဲ့ဝင်တွေဟာ မိသားစု ညီအစ်ကိုတွေလို ချစ်ခင်ကြတာ ARMY တွေသိပြီးသားဖြစ်ပါတယ်။ တစ်ခါတုန်းက Guerilla Periscope Q&A မှာတုန်းက BTS အဖွဲ့ဝင်တွေဟာ အဖွဲ့ဝင်တွေထဲမှာ ဘယ်သူက အဆိုးရွားဆုံး Dancer လဲလို့ အမေးခံခဲ့ရပါတယ်။

အဲဒီမေးခွန်းကို V ကို ဖတ်ပြီးတဲ့အခါမှာ J-Hope ကိုဖြေပေးဖို့ ပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ J-Hope က အဖွဲ့ထဲမှာ Dancer Leader ဖြစ်လို့ပါပဲ။ ဒါပေမဲ့လည်း J-hope က ဖြေပေးဖို့ ရုန်းကန်နေရ တာကြောင့် ကြားကနေ Jungkook က သူတို့အဖွဲ့မှာ အဆိုးရွားဆုံး Dancer မရှိပါဘူးလို့ ပြောတဲ့အခါ J-hope ကလည်း သဘောတူခဲ့ပါတယ်။

ထပ်ပြီး Jimin ကလည်း အဲဒီမေးခွန်းကို “ ကျွန်တော်တို့အဖွဲ့ထဲမှာ တစ်ယောက်မပါဝင်ရင် Choreography က အင်အားမပြည့်ဝဘူးလို့ ခံစားရပါတယ်။ ပရိသတ်တွေကို နောက်ထပ် ဒီလိုမေး ခွန်းမျိုးမမေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page