K pop

■ ‘The Penthouse: War in Life’ ဒရာမာထဲက အနမ်းအခန်းတွေကို ယောကျာ်းဖြစ်သူနဲ့ မင်းသမီး Kim So Yeon ဘယ်လိုကြည့်သလဲ

—- မြန်မာပြည်က ပရိသတ်တွေအနေနဲ့ ယွန်းမီလို့ သိကြတဲ့ မင်းသမီးကြီး Kim So Yeon ကို သိကြ မယ်လို့ ထင်ပါတယ်။ သူမဟာ မကြာသေးခင်က နာမည်ကြီးခဲ့တဲ့ ‘The Penthouse: War in Life’ ဒရာမာထဲက အနမ်းအခန်းတွေကို ယောကျာ်းဖြစ်သူ မင်းသား Lee Sang Woo နဲ့ အနမ်းဇာတ်ဝင်ခန်း တွေကို ကြည့်ရတာ ဘယ်လိုလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

မင်းသမီး Kim So Yeon ဟာ MBC’s television show ‘Hangout with Yoo’ ပါဝင်ခဲ့ပြီး Host တွေရဲ့ ‘The Penthouse: War in Life’ ဒရာမာမှာ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ယောကျာ်းဖြစ်သူ မင်းသား Lee Sang Woo က ဘယ်လိုထင်သလဲဆိုကာ မေးမြန်းခံရတာဖြစ်ပါတယ်။.

Kim So Yeon က “ ဒရာမာထဲမှာ အနမ်းဇာတ်ဝင်ခန်းအချို့ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ ယောကျာ်းဟာ အဲဒီအချိန်မှာ ဒရာမာကြည့်တာကို ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဘယ်ဇာတ်ဝင် ခန်းတွေက ကောင်းတယ်ဆိုပြီး သူ့ကို ပြန်ပြောပြခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီမှာ Host ဖြစ်သူ Yu Jae Seok က ရယ်မောပြီး “ ဒါတော့ လက်မခံနိုင်စရာပဲ။ မင်းတို့နှစ်ယောက် စလုံးဟာ သရုပ်ဆောင်တွေမဟုတ်လား… မင်းအလှည့်ကျမှ ဖြစ်ရတာပေါ့” လို့ ပြောခဲ့ပါတယ်။

Kim So Yeon က “ တကယ်တော့ အဆိုပါ အနမ်းဇာတ်ဝင်ခန်းတွေကို မကြည့်စေချင်တာက ကျွန်မ ဖြစ်ပါတယ်။ အတူတူကြည့်နေတဲ့အခါမှာ ယောကျာ်းဖြစ်သူကို ကျွန်မ အိပ်ခန်းထဲခဏသွားနေလို့ပြော ပါတယ်။ ဘာလို့လည်းဆိုတော့ အနမ်းဇာတ်ဝင်ခန်းလာတော့မှာကို ကျွန်မ သိလို့ဖြစ်ပါတယ်” လို့ ပြော ခဲ့ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page