K pop

■ ဘာအကြောင်းကြောင့် 2020 ခုနှစ်မှာ Debut လုပ်တဲ့ K-pop အဖွဲ့တွေအစား K Netizen တွေ ဝမ်းနည်းနေတာလဲ

—- K Netizen တွေဟာ 2020 ခုနှစ်မှာ Debut လုပ်တဲ့ K-pop အဖွဲ့တွေအစား ဝမ်းနည်းမိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

2020 ခုနှစ်ဟာ တောင်ကိုရီးယားနိုင်ငံအပါအဝင် ကမ္ဘာအနှံ့ COVID 19 ကပ်ဆိုးကြောင့် ဒုက္ခတွေ ရောက်ခဲ့ကြတာပါ။ ဒါကြောင့် K Netizen တွေဟာ 2020 ခုနှစ်မှာ Debut လုပ်တဲ့ K-pop အဖွဲ့တွေ ဟာ COVID 19 ကပ်ဆိုးကြောင့် ပရိသတ်တွေနဲ့ ပုဂ္ဂိုလ်ချင်းမတွေ့နိုင်တာကို ဝမ်းနည်းနေကြတာဖြစ် ပါတယ်။

2020 ခုနှစ်ထဲမှာ နာမည်ကြီး အဖွဲ့တွေဖြစ်တဲ့ ENHYPEN ၊ TREASURE ၊ aespa စတဲ့ အဖွဲ့တွေ ပေါ်ထွက်လာခဲ့တာပါ။

“ ကျွန်မရဲ့ အကြိုက်ဆုံး Group ကတော့ ENHYPEN ပါ။ သူတို့ဟာ Debut လုပ်ပြီးတာနဲ့ ပရိသတ် တွေနဲ့ တွေ့ချင်ကြမှာပါပဲ။ ဒါပေမဲ့လည်း မတက်နိုင်ခဲ့ပါဘူး။ အမြန်ဆုံး သူတို့တွေအနေနဲ့ ပရိသတ်တွေကို တွေ့နိုင်ပါစေလို့ပဲ မျှော်လင့်ရပါတယ်။

“ အရမ်းကို ဝမ်းနည်းပါတယ်။ ကိုယ်ကြိုက်တဲ့ အဖွဲ့ကို အမြန်ဆုံးတွေ့နိုင်ပါစေလို့ပဲ ဆုတောင်းနေရပါ တယ်”

“ TREASURE အဖွဲ့လည်း သနားစရာပါ။ သူတို့ရဲ့ ပရိသတ်တွေကို ပုဂ္ဂိုလ်ချင်းမတွေ့နိုင်ခဲ့ဘူး”

“ 2020 ခုနှစ်မှာ Debut လုပ်တဲ့ အဖွဲ့မှန်သမျှ သူတို့ရဲ့ ပရိသတ်တွေရဲ့ အမြန်ဆုံးတွေ့နိုင်ပါစေလို့ ဆုတောင်းပါတယ်”

“ တီဗီဖန်သားပြင်မှာမဟုတ်ဘဲ သူတို့ကို အမြန်ဆုံးအပြင်မှာ တွေ့ချင်လှပြီ”

စတဲ့ မှတ်ချက်အချို့ကို K Netizen တွေက ရေးသားခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page