K pop
■ Kai နဲ့ Baekhyun တို့အကြား Lucas ရဲ့ ရွေးချယ်မှုက…
-UNICODE
– – -သူတို့နှစ်ယောက်ကြား Lucas ဘယ်သူ့ကို ရွေးချယ်ခဲ့သလဲဆိုတာ…
ှSuperM အဖွဲ့ဝင် Lucas ဟာ Videocall Fansign တစ်ခုမှာတော့ ဘေးကျပ်နံကျပ်မေးခွန်းတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။
Videocall Fansign တစ်ခုမှာ ပရိသတ်တစ်ယောက်က Baekhyun နဲ့ Kai တို့နှစ်ယောက် ရေထဲကို ကျသွားခဲ့ရင် ဘယ်သူ့ကို ကယ်မလဲလို့ Lucas ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ Lucas ရဲ့ အဖြေက စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။
Lucas က Baekhyun ကို ရွေးချယ်ခဲ့တာ ဖြစပါတယ်။ Baekhyun ကို ရွေးချယ်ခဲ့တဲ့ Lucas ရဲ့ အကြောင်းပြချက်ကလည်း ချစ်စရာကောင်းတာ တွေ့ရမှာပါ။ “Kai Hyung က အကောင်ပိုကြီးတယ်လေ။ ဒါကြောင့် သူ့ကိုယ်သူ လွတ်အောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ Baekhyun Hyung ကတော့ သေးပြီး ချစ်စရာကောင်းတယ်”လို့ Lucas က ဆိုခဲ့တာပါ။ Lucas ရဲ့ အဖြေစကားက ပရိသတ်တွေကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့တာဖြစ်ပြီး အားလုံး သဘောကျခဲ့ကြပါတယ်။
SuperM အဖွဲ့ဝင်တွေကြားက တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာကလည်း တကယ့်ကို နွေးထွေးလှတယ်လို့ ဆိုရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page