– – – ဒီ K-pop Idol တွေကို ဒီဝတ်စုံနဲ့ တွဲဖက်ပြီး ပရိသတ်တွေက မှတ်မှတ်ရရ ရှိနေကြတာပါ။
K-pop Idol တွေဟာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရတာပါ။ ဒါကြောင့် သူတို့ဝတ်တဲ့ဖက်ရှင်ဒီဇိုင်းတွေ၊ အမှတ်တံဆိပ်တွေကို ပရိသတ်တွေက မှတ်သားထားလေ့ ရှိပါတယ်။
ဒါကြောင့် ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ မှတ်မှတ်ထင်ထင် ရှိနေတဲ့ K-pop Idol တွေနဲ့ ဝတ်စုံတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။
Joy (Red Velvet) – Rainbow Dress
Red Velvet ရဲ့ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Peek-A-Boo Comeback မှာ Joy က ဒီဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။ စတိတ်စင်ပေါ်မှာလည်း Joy က Rainbow Dress နဲ့ အလွန်လိုက်ဖက်လွန်းနေတာ တွေ့ရမှာပါ။
Lisa (BLACKPINK)
Lisa ရဲ့ DDU-DU DDU-DU ပရိုမိုးရှင်းမှာ ဝတ်ဆင်ခဲ့တဲ့ အစိမ်းရောင်လက်အိတ်၊ Sparkly Pink ဝတ်စုံဒီဇိုင်းကလည်း ပရိသတ်တွေမျက်လုံးထဲ မှတ်မှတ်ထင်ထင် ရှိနေဆဲ ဖြစ်ပါတယ်။
Jimin (BTS) – Blue Velvet Jacket
2016 Asia Artist Awards က BTS အဖွဲ့ဝင် Jimin ရဲ့ Blue Velvet Jacket နဲ့ အလွန်ဆွဲဆောင်မှုရှိလွန်းနေတဲ့ ပုံစံကလည်း ပရိသတ်တွေကို အပြည့်အ၀ ဖမ်းစားနိုင်ခဲ့ပါတယ်။
Hwasa (MAMAMOO) – Red Latex Bodysuit
2018 MAMA မှာ Hwasa က ဆွဲဆောင်မှုရှိလွန်းတဲ့ အနီရောင်ဝတ်စုံနဲ့ ဖျော်ဖြေမှုကလည်း ပရိသတ်တွေအကြား တော်တော်လေး ဟော့ခဲ့ပါသေးတယ်။
Kai (EXO)
Obsession era တုန်းက ဝတ်ဆင်ခဲ့တဲ့ EXO အဖွဲ့ဝင် Kai ရဲ့ ဖက်ရှင်ဒီဇိုင်းကလည်း ရေပန်းစားခဲ့တာပါ။
V (BTS)
ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် V ကလည်း ရေပန်းစားသူ တစ်ယောက်ပါ။ 2019 Melon Music Awards မှာ ဝတ်ဆင်ခဲ့တဲ့ V ရဲ့ Ruffled Shirt နဲ့ Printed Jacket ဒီဇိုင်းကလည်း အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *