– – – Blue & Grey နဲ့ ပတ်သက်ပြီး Yoo Hee Yeol ရဲ့ ပြောဆိုမှုကို ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြပြီး..
တလောတုန်းက တေးရေးဆရာ NIve ဟာ KBS က ထုတ်တဲ့ နာမည်ကျော်အစီအစဉ်ဖြစ်တဲ့ Yoo Hee Yeol’s Sketchbook မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။
အဲဒီအင်တာဗျူးမှာ Yoo Hee Yeol ဟာ NIve ပါဝင်ရေးသားပေးထားတဲ့ BTS ရဲ့ Blue & Grey သီချင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အဲဒီသီချင်းဟာ BTS အဖွဲ့ဝင် V ရဲ့ အခက်ခဲဆုံး အခိုက်အတန့်တွေကို ရေးဖွဲ့ထားတာဖြစ်ပြီး NIve, V, Suga, RM, J-Hope, Levi, Metaphor နဲ့ Hiss Noise တို့က ပူးပေါင်းဖန်တီးထားတာပါ။
ဒါပေမဲ့ Yoo Hee Yeol ဟာ အဲဒီသီချင်းအကြောင်း ပြောကြားရာမှာ NIve ဟာ ဒီသီချင်းရဲ့ မူလ Compser ဖြစ်တယ်လို့ ထည့်သွင်း သုံးနှုန်းသွားခဲ့ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက သဘောမကျဖြစ်ကာ ဒါက ဖန်တီးသူတွေရဲ့ မူပိုင်ခွင့်ကိုချိုးဖောက်ရာ ကျတယ်လို့ ခံစားရကြောင်း ဝေဖန်ခဲ့ပါတ်ယ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက NIve ကိုယ်တိုင်က လူမှုကွန်ရက်ကနေ တရားဝင် တောင်းပန်သွားခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့“Yoo Hee Yeol’s Sketchbook” ကလည်း တရားဝင် တောင်းပန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
Yoo က အဲဒီသီချင်းကို မိတ်ဆက်ပေးရာမှာ NIve ကို Original Compesr ဆိုပြီး သုံးနှုန်းခဲ့မိကြောင်း ၊ ဒီအတွက် ဒီသီချင်းကို တစ်ယောက်တည်းက ရေးတဲ့ပုံစံမျိုး နားလည်မှုလွဲမှားသွားခဲ့ကြောင်း၊ ဒါကြောင့် BTS, NIve နဲ့ ပရိသတ်တွေကို တောင်းပန်ပါကြောင်း၊ နောက်နောင်ပိုပြီး ဂရုစိုက်သွားမှာဖြစ်ကြောင်း oo Hee Yeol’s Sketchbook က တရားဝင် တောင်းပန်ချက် ထုတ်ပြန်ခဲ့တာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *