Cele

■ The New York Times ရဲ့ ‘The 25 Greatest Actors of the 21st Century’ စာရင်းမှာ ပါဝင်ခဲ့တဲ့ K သရုပ်ဆောင် (၂)ဦး

— နိုဝင်ဘာလ 25 ရက်နေ့က The New York Times ဟာ ‘The 25 Greatest Actors of the 21st Century’ စာရင်းကို ဖော်ပြခဲ့ပါတယ်။

အဆိုပါစာရင်းမှာ ကမ္ဘာကျော်သရုပ်ဆောင်တွေနဲ့အတူ တောင်ကိုရီးယားရုပ်ရှင်လောကကို ကိုယ်စား ပြုတဲ့ သရုပ်ဆောင်နှစ်ဦးပါဝင်လာခဲ့ပါတယ်။ ‘Parasite’ ရုပ်ရှင်မင်းသား Song Kang Ho နဲ့ ‘The Handmaiden’ ရုပ်ရှင်မင်းသမီး Kim Min Hee တို့ဖြစ်ကြပါတယ်။

Song Kang Ho နဲ့ Kim Min Hee တို့ဟာ သူတို့ရုပ်ရှင်တွေထဲက ပရိသတ်တွေအမြဲတမ်းသတိရနေ မယ့် ဇာတ်ကောင်တွေကြောင့် အဆိုပါစာရင်းမှာ ဝါရင့်ကမ္ဘာကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Denzel Washington, Keanu Reeves, Nicole Kidman, Viola Davis, Tilda Swinton တို့နဲ့အတူ ပါဝင်လာ ခဲ့တာပါ။

Song Kang Ho ဟာ ‘The 25 Greatest Actors of the 21st Century’ စာရင်းမှာ #6 ရပ်တည်နိုင်ခဲ့ ပြီး အော်စကာအကယ်ဒမီဆုရခဲ့တဲ့ ‘Parasite’ ရုပ်ရှင်မှာ Male Lead Role ကနေ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

မင်းသမီး Kim Min Hee ကတော့ နံပါတ် #16 မှာရပ်တည်ခဲ့ပြီး မကြာသေးခင်က ဒါရိုက်တာ Park Chan Wook ရိုက်ကူးတဲ့ ‘The Handmaiden’ ရုပ်ရှင်ထဲက ဇာတ်ကောင်ကြောင့် နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page