K pop

■ Human Gucci ကို Brand Gucci က ဂုဏ်ပြုပါသတဲ့

—- EXO-L တွေဟာ Human Gucci ကို Brand Gucci က ဂုဏ်ပြုလို့ အလွန်သဘောတွေကျနေ ကြ….

Human Gucci ဆိုတာ ဘယ်သူ့ကိုပြောသလဲဆိုတာ EXO-L တွေသိပါတယ်။ Gucci ရဲ့ Global သံတမန်ဖြစ်တဲ့ Kai ပဲဖြစ်ပါတယ်။ မကြာသေးခင်က Brand Gucci ဟာ Human Gucci ရဲ့ Solo Debut ထုတ်လွှင့်နိုင်မှုကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

Gucci Korea ဟာ Kai ရဲ့ Solo ထုတ်လွှင့်နိုင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အချိုရည်သောက်စရာတွေ၊ မုနု့်တွေပြည့်နှက်နေတဲ့ Food Truck ပို့ပေးခဲ့တာဖြစ်ပါတယ်။ Food Truck မှာလည်း “ Human Gucci အတွက် ဂုဏ်ပြုပါတယ်။ Kai ရဲ့ ပထမဆုံး Solo Album အတွက်ပါ။ Gucci ရဲ့ အချစ်နဲ့အတူ ကျေးဇူးပြုပြီး Mmmh’ ကို နားဆင်ကြပါ” ဆိုပြီးလည်း စာရေးသားခဲ့ပါတယ်။

Kai ရဲ့ ပထမဆုံး Solo Album ဟာထုတ်လွှင့်ပြီးကတည်းက အောင်မြင်မှုတွေဆက်တိုက်ရရှိခဲ့ပြီး မကြာသေးခင်ကလည်း Worldwide Album iTunes Chart မှာ SM Entertainment အနုပညာ ရှင်အားလုံးရဲ့ စံချိန်ကို ကျော်လွန်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

အရင်တုန်းက Worldwide Album iTunes Chart မှာ နိုင်ငံ 69 နိုင်ငံနဲ့ နံပါတ် (1)ရအများဆုံး Baekhyun ရဲ့ စံချိန်ကို Kai က (72)နိုင်ငံနဲ့ကျော်ဖြတ်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page