K pop

■ Jin ရဲ့ ထူးဆန်းလွန်းတဲ့ ရေစက်တစ်ခုကို ARMY တွေ အံ့အားသင့်နေကြ

—- Jin ရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ရေစက်နဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုကို ARMY တွေ အံ့အား သင့်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ရေစက်ဇတ်လမ်းက Jin ရဲ့ ငယ်စဉ်က ဓါတ်ပုံတစ်ပုံက စတာဖြစ်ပါတယ်။ ငယ်ဘဝက Jin ဟာ အနီးရောင်ခေါင်းစွပ်အကျီၤဝတ်ဆင်ထားပြီး နိုင်ငံခြားသားလူငယ် (၃)ဦးနဲ့ ဓါတ်ပုံအတူရိုက်ထား တာဖြစ်ပါတယ်။

ဓါတ်ပုံဟာ သာမန်ကြည့်ရင် ငယ်ဘ၀ သာမန်ဓါတ်ပုံပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ ဘာရှာတွေ့ လဲဆိုတော့ အဆိုပါဓါတ်ပုံထဲမှာ ကမ္ဘာကျော် အနုပညာရှင်နှစ်ဦးပါဝင်နေတာပဲဖြစ်ပါတယ်။ တစ်ဦးက Jin ဖြစ်ပြီး တစ်ဦးကတော့ ဟောလီးဝုဒ်သရုပ်ဆောင် သြစတြေးလျနာမည်ကြီးသရုပ်ဆောင် Mitchell Hope တို့ဖြစ်ပါတယ်။

ဓါတ်ပုံအရ Mitchell Hope ဟာ ဘယ်ဘက်အဆုံး ဇစ်တပ်ထားတဲ့အကျီၤဝတ်ဆင်ထားတဲ့သူဖြစ်ပါ တယ်။ Jin နဲ့ ဟောလီးဝုဒ်စတားတို့ရဲ့ ငယ်စဉ်က တွေ့ဆုံဖူးတဲ့အမှတ်တရပုံရိပ်ကို ARMY တွေက အံ့အားသင့်ခဲ့ကြပြီး ထူးဆန်းတဲ့တိုက်ဆိုင်မှုရေစက်ဆိုပြီး မှတ်ချက်ပြုခဲ့ကြတာပါ။

ဒါပေမဲ့ ARMY တွေဟာ Jin အနေနဲ့ Mitchell Hope နဲ့ ငယ်စဉ်က ဘယ်လိုတွေ့ဆုံပြီး အမှတ်တရ ဓါတ်ပုံကို ဘယ်မှာရိုက်မိခဲ့မှန်းကိုတော့ မတွေးဆနိုင်ကြပါဘူး။ ခန့်မှန်းခြေအနေနဲ့ Jin ဟာ သြစတြေး လျကို ကျောင်းလေ့လာမှုအနေနဲ့ သြစတြေးလျကိုရောက်ခဲ့ပြီး အခါသမယတစ်ခုမှာ Mitchell Hope နဲ့ အခြား သြစတြေးလျကျောင်းသားနဲ့ ဓါတ်ပုံရိုက်ကူးမိတာလို့လည်း တွက်ဆခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် Jin ရဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုနဲ့ ရေစက်ကို ARMY တွေက အံ့အားသင့်ခဲ့ကြပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page