—- 2013 ခုနှစ်ကစတင်ပြီး Debut လုပ်ခဲ့တဲ့ ကောင်လေး (၇)ယောက်နဲ့ အဖွဲ့ဟာ အောက်ခြေကနေ အခက်အခဲတွေ၊ အတားအဆီးတွေကို ခါးစီးခံပြီး ကမ္ဘာ့ဇာတ်ခုံကို တက်လာကာ တစ်ကမ္ဘာလုံးရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဖြတ်သန်းလာခဲ့တဲ့ လှေးကားထစ်တွေမှာ သူတို့ဟာ အမြဲတမ်းသတိရနိုင်တဲ့ သီချင်းကောင်းတွေကို ထုတ်လွှင့်ခဲ့ပြီး သီချင်းကို နားထောင်လိုက်တဲ့ BTS ဆိုတာကို ကိုယ်စားပြုစေပါတယ်။ မကြာသေးခင် က K Netizen ရဲ့ ပို့စ်တစ်ခုဟာ ARMY တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ BTS အဖွဲ့ကို ကိုယ်စားပြု တဲ့ သီချင်းတွေက ဘာတွေလဲဆိုပြီး ARMY တွေ ရွေးချယ်စေခိုင်းခဲ့တာပါ။
ARMY တွေဟာ BTS အဖွဲ့ကို ကိုယ်စားပြုတဲ့ သီချင်းတွေက များလွန်းလို့ ဘယ်သီချင်းကို ရွေးရမလဲဆိုတာ အခက်တွေ့ခဲ့ကြပါတယ်။
1) Boy In Luv
2) I Need U
3) RUN
4) Fire
5) Blood, Sweat, and Tears
6) Spring Day
7) DNA
8) Fake Love
9) IDOL
10) Boy With Luv
11) Dynamite
ဒါတွေကတော့ K Netizne တွေ ရွေးချယ်ခဲ့ကြတဲ့ BTS ကိုယ်စားပြုသီချင်းတွေဖြစ်ပြီး မြန်မာပြည်က ARMY တွေကရော ကိုယ်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ရွေးချယ်လိုက်ကြပါဦး….
-m2t
Ref: Allkpop
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*