K pop

■ ကိုရီးယားအနုပညာလောကထဲ Park Seo Joon နဲ့ အလိုက်ဖက်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီး

– – – ဒါက ပရိသတ်တွေ မျှော်လင့်မထားတာမျိုး၊ ဒါမှမဟုတ် မေ့နေနိုင်တဲ့ မင်းသမီးပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ဇာတ်လမ်းတွဲထဲမှာ တော်တော်လေး လိုက်ဖက်ခဲ့တာ…….

လက်ရှိကာလမှာ Park Seo Joon ဟာ အောင်မြင်မှု အရှိန်အဝါကြီးမားတဲ့ တောင်ကိုရီးယားမင်းသားတစ်လက်အဖြစ် ရပ်တည်နေနိုင်ခဲ့တာပါ။ Park Seo Joon ဟာ မင်းသားအဖြစ် ပွဲထွက်တာ နောက်ကျပေမယ့် တစ်လှမ်းချင်း တက်လှမ်းနိုင်ခဲ့ပြီး ပရိသတ်တွေကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးလာခဲ့ရတာပါ။ ၂၀၂၀ ခုနှစ်အတွင်းပဲကြည့်မယ်ဆိုရင်တောင် Itaewon Class နဲ့ Park Seo Joon ဟာ အားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာပါ။

နောက်ပိုင်းနှစ်တွေမှာ Park Seo Joon တွဲရိုက်ခဲ့တဲ့ မင်းသမီးတွေဟာ သူနဲ့ လိုက်ဖက်ခဲ့ပြီး ပရိသတ်တွေ သဘောတွေ့ခဲ့တာပါ။ Fight For My Way ထဲမှာ Kim Ji Won၊ What’s Wrong with Secretary Kim ထဲမှာ Park Min Young၊ Itaewon Class ထဲမှာ Kim Da Mi တို့ဟာ Park Seo Joon နဲ့ Chemistry မိခဲ့ကြတွေပါ။

ဒါပေမဲ့ Park Seo Joon နဲ့ အလိုက်ဖက်ဆုံးမင်းသမီးအဖြစ် အားလုံး တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ထားခဲ့တာကတော့ Hwang Jung Eumပါ။ Park Seo Joon နဲ့ Hwang Jung Eum တို့ဟာ ၂၀၁၅ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ She Was Pretty ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာပါ။

အဲဒီဇာတ်လမ်းတွဲဟာ အောင်မြင်ခဲ့ပြီး ပရိသတ်တွေကြားမှာလည်း တော်တော်လေး ရေပန်းစားခဲ့တာပါ။ အထူးသဖြင့် Park Seo Joon နဲ့ Hwang Jung Eum တို့ရဲ့ Chemistry ဖြစ်မှုက လူပြောများခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အပြင်မှာလည်း အလွန်ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတက်တာပါ။

ဇာတ်လမ်းတွဲတစ်လျှောက် ဒိုင်ယာလော့တွေကိုလည်း အတူတူကျက်ခဲ့ကြပြီး ရိုက်ကွင်းမှာ သူတို့နှစ်ယောက်ကိုတွေ့ရင် အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် စနောက်နေခဲ့ကြတယ်လို့ နီးစပ်သူတွေက ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် နှစ်ယောက်တွဲ Selfie ပုံတွေလည်း ခဏခဏရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့ပါသေးတယ်။

Park Seo Joon ဟာ Hwang Jung Eum ကို အစ်မရင်းတစ်ယောက်လို ခံယူထားပြီး ဇာတ်လမ်းတွဲပြီးနောက် Hwang Jung Eum ရဲ့မင်္ဂလာပွဲကိုလည်း တက်ခဲ့ပါသေးတယ်။ Park Seo Joonနဲ့ Hwang Jung Eum တို့က တကယ့်ကို အတွဲအဖက်မိလွန်းတယ်လို့ ဆိုရမှာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page