K pop

■ ဘယ်တော့မှ Foundation လိမ်းစရာမလိုတဲ့ TWICE အဖွဲ့ဝင်တစ်ဦး

— မျက်နှာအသားအရေက ဘယ်လောက်ထိလှပပြီး သန့်စင်သလဲဆိုရင် ဒီ TWICE အဖွဲ့ဝင်တစ်ဦး ဟာ Foundation ဘယ်တော့မှလိမ်းစရာမလိုပါဘူးတဲ့…

ပရိသတ်တွေက ချစ်စနိုးနဲ့ Tofu လို့ နာမည်ပြောခေါ်ဝေါ်ကြတဲ့ TWICE အဖွဲ့ဝင် Dahyun ရဲ့ မျက်နှာ အသားအရေဟာ ဘယ်လောက်ထိလှပပြီး ညက်ညောသလဲဆိုတာကို Makeup Artist တစ်ဦးဟာ ELLE ဖက်ရှင်မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ချီးကျူးခဲ့ပါတယ်။

Makeup Artist က သူ့အနေနဲ့ Dahyun ရဲ့ မျက်နှာအသားအရေဟာ Foundation လိမ်းစရာမလို အောင် လှပတာပါလို့ ချီးကျူးခဲ့တာပါ။

“ Dahyun ဟာ အလွန်ထူးခြားတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမကို ကျွန်မ ဘယ်တော့ကမှ Foundation မလိမ်းပေးရပါဘူး။ သူမရဲ့ မျက်နှာအပေါ် ကျွန်မ အချို့ Sunscreen ၊ Eye Makeup အပါအဝင် အခြား Makeup တွေပဲ လိမ်းပေးရတာပါ။ သူမမှာ အလွန်လှပတဲ့ အရေပြား ကာလာရှိရုံတင်မက နုညံ့ပြီး ချောမွတ်တဲ့ အရေပြားလည်းရှိသူဖြစ်ပါတယ်” လို့ Makeup Artist က ပြောခဲ့ပါတယ်။

Dahyun ရဲ့ မျက်နှာအသားအရေကို ပရိသတ်တွေက အလွန်အားကျကြပြီး ဘာအလှထုတ်ကုန်တွေ သုံးလဲလို့ ONCE တွေက ခဏခဏမေးပေမယ့် Dahyun ဟာ ဘုရားပေးတဲ့ဆုလဘ်ဖြစ်တဲ့ မွေးရာပါ လှပတဲ့အသားအရေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page