K pop

■ မွေးနေ့မှာ လူစုခဲ့တဲ့ EXO Kai ဝေဖန်ခံနေရ

— – – COVID တတိယလှိုင်းဖြစ်နေချိန်မှာ Kai ရဲ့ လုပ်ရပ်ကို ပရိသတ်တွေ ….

EXO အဖွဲ့ဝင် Kai ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေချိန် မွေးနေ့မှာ လူစုခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Kai ဟာ ဒီနေ့ (ဇန်နဝါရီ ၁၄ ရက်)ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာ HOTSHOT Moongyu၊ VIXX Ravi နဲ့ တခြားသူငယ်ချင်းတစ်ဦးတို့ကို ဖိတ်ကြားပြီး IG မှာ Live လွှင့်ခဲ့တာပါ။

လက်ရှိ တောင်ကိုရီးယားမှာ ကိုဗစ်တတိယလှိုင်းကြောင့် လူ (၄)ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ထုတ်ပြန်ထားပြီး Kai အနေနဲ့ အဲဒီအမိန့်ကို လိုက်နာခဲ့ပေမဲ့ ပရိသတ်တွေက လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

ပိုဆိုးတာက အစိုးရ လူ(၄)ဦး စုဝေးခွင့်ပေးထားပေမဲ့ ကိုဗစ်အတွက် စိတ်မချရကြောင့် ကိုရီးယားသတင်းဌာနတွေက သိပ်မကြာခင်ကမှ သတင်းထုတ်လွှင့်ထားတာကြောင့်ပါပဲ။ ဒါကို ပရိသတ်တွေက အဓိကထား ဝေဖန်ခဲ့ကြတာ ဖြစ်ပြီး Kai ရဲ့ မွေးနေ့ပွဲဟာ လူ (၄)ဦးထက် ပိုနိုင်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

Kai က သူ့ရဲ့ Live အစမှာ “ဘာပဲဖြစ်ဖြစ် လူ (၄)ဦးဆိုတော့ OK တာပေါ့”ဆိုပြီး လွှင့်ခဲ့တာပါ။ ဒါကို ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြပြီး အခုအချိန်မှာ ဒါမျိုးမလုပ်သင့်ဘူးဆိုတာ သိသင့်တယ်လို့လည်း ဝေဖန်ခဲ့ကြပါတယ်။

Kai ရဲ့ IG Live ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page