—- ကိုယ်ခံအားနည်းလို့ အလာဂျစ်တွေဖြစ်နေတယ်လို့ IU က ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေ စိုးရိမ်နေကြ….
IU ဟာ KINTEX ၊ Ilsan မြို့မှာ ကျင်းပခဲ့တဲ့ 35th ‘Golden Disc Awards’ ဆုပေးပွဲမှာ ကိုယ်ခံအား နည်းပြီး အလာဂျစ်တွေဖြစ်နေတယ်လို့ ပြောခဲ့တာကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။
အဆိုပါနေ့မှာ IU ဟာ အဓိကဆုဖြစ်တဲ့ ‘Bonsang’ နဲ့ ‘Daesang’ (the grand prize) ဆုတို့ကိုရရှိခဲ့ပါ တယ်။ ဆုကို လက်ခံရယူတဲ့အခါ IU က သူမကိုအချစ်တွေပေးခဲ့ပြီး ထောက်ခံပေးကြတဲ့ ပရိသတ် တွေနဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့သလို မကြားသေခင်က သူမရဲ့ ကျန်းမာ ရေးအချို့ကိုလည်း ပြောကြးခဲ့တာပါ။
IU က “ မကြာသေးခင်က ကျွန်မဟာ ကိုယ်ခံအားနည်းပြီး ကျန်းမာရေးချို့ယွင်းခဲ့ပါတယ်။ အဲဒီရလဒ် အနေနဲ့ လက်ရှိအချိန် Salon မှာ ကျွန်မ အလှကုန်ပစ္စည်းအများအပြားကို မသုံးနိုင်ခဲ့ပါဘူး။ Sprays နဲ့ Oils အများအပြားကို ကျွန်မ အသုံးမပြုနိုင်တာပါ။ ဒါကြောင့် Salon မှာ ဇီဇာကြောင်တဲ့ Customer တစ်ဦးလို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျွန်မအတွက် စိုးရိမ်ပေးပြီး အလာဂျစ်ဖြစ်မှာကို လေ့လာစိုးရိမ်ပေးခဲ့ကြတဲ့ Salon က ဝန်ထမ်းတွေအပါအဝင် အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင် ပါတယ်။ တက်နိုင်သမျှ မြန်မြန် ကျန်းမာရေးကောင်းလာအောင် ကျွန်မ ကြိုးစားသွားမှာပါ” လို့ ပြော ကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ IU ဟာ 2017 ဧပြီလက ‘Palette’ ထွက်ပြီးလို့ (4)နှစ်ကြာပြီးနောက်ပိုင်း ပထမဆုံး Studio Album ကိုထွက်ဖို့ ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်။
-m2t
Ref: SBSstar
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*