K pop

■ IZONE ရဲ့ Sakura ဂျပန်ကို ပြန်မှာဆိုလို့ ပရိသတ်တွေ ဝမ်းနည်း

— သတင်းက အတည်မဟုတ်သေးပေမယ့် IZ*ONE အဖွဲ့ရဲ့ နတ်မိမယ်လေး Sakura တစ်ယောက် K-pop Industry ကနေ နုတ်ထွက်ပြီး ဂျပန်ကိုပြန်မယ်ဆိုလို့ ပရိသတ်တွေ ယူကြုံးမရဖြစ်နေ…

 

IZ*ONE အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sakura Miyawaki ဟာ Mnet show ‘Produce 48’ မှာ ဒုတိယနေရာ ရခဲ့ပြီး IZ*ONE အဖွဲ့ဝင်အဖြစ် Debut လုပ်ခွင့်ရသလို K နဲ့ ဂျပန်ပရိသတ်တွေရဲ့ ချစ်ခြင်းကို အခိုင်အ မာရရှိခဲ့ပါတယ်။

 

ဒါပေမဲ့ ‘Produce 48’ မှာ မဲလာဘ်စားမှုပြဿနာတွေရှိခဲ့တာတောင်မှ 2020 ခုနှစ်မှာ IZ*ONE ပေါ် ပြူလာဖြစ်ခဲ့ပြီး Album ရောင်းအားအကောင်းဆုံး ဒုတိယအမျိုးသမီးအဖွဲ့လည်းဖြစ်ခဲ့တာပါ။ ဒါပေမဲ့ IZ*ONE အဖွဲ့ရဲ့ လက်ရှိစာချုပ်ဟာ ဧပြီလမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ထွက်ပေါ်တဲ့ သတင်းတွေအရ IZ*ONE အဖွဲ့ရဲ့ အချို့အဖွဲ့ဝင်တွေဟာ CJ ENM နဲ့ ဆွေးနွေးမှုတွေရှိတယ်လို့ သိရပါတယ်။ အခုအ ချိန်အထိတော့ အဖွဲ့ဝင်တွေ သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကိုတော့ အတည်မပြုရသေးပါဘူး။

အဆိုပါ IZ*ONE အဖွဲ့နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဖွဲ့ဝင်တွေအားလုံးမှာ Sakura တစ်ယောက်ဟာ K-pop Idol ကနေ နုတ်ထွက်ပြီး အမိမြေ ဂျပန်ကို ပြန်မလို့လုပ်နေတယ် လို့ သိခဲ့ရတာပါ။ အဆိုပါ Sakura ရဲ့ သတင်းဆိုးကို ကြားပြီးတဲ့နောက်မှာ K Netizen တွေက ဝမ်း နည်းနေကြတာဖြစ်ပါတယ်။

 

K Netizne တွေကတော့ Sakura ကို K-pop Idol အဖြစ် နုတ်မထွက်စေချင်ကြဘဲ ဖြစ်နိုင်ရင် ဂျပန် ရော ကိုရီးယားမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်စေချင်ကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page