K pop

■ နှစ်သစ်အစမှာပဲ BTS ရဲ့ “Sold Out King” လာပြီ

—- 2020 ခုနှစ်မှာ BTS အဖွဲ့ရဲ့ “Sold Out King” တွေကို သိကြမှာပေါ့….အသုံးဆောင်၊ အဝတ် အစားတွေသာမက ဆပ်ပြာ၊ နွားနိုတွေအထိ Sold Out ဖြစ်ခဲ့တာပါ။

အခုလည်း 2021 ခုနှစ်ရဲ့ နှစ်အစမှာပဲ သူ့ရဲ့ “Sold Out King” ဂုဏ်ပုဒ်ကို သက်သေပြခဲ့တာပါ။ ဇန်န ဝါရီလ 12 နေ့က BangtanTV မှာ “Bangtan Bomb” အသစ်တင်ခဲ့ပါတယ်။ အဲဒီမှာ Jin နဲ့ Jungkook တို့ရဲ့ သူတို့ရဲ့အသုံးဆောင်တွေကို စစနောက်နောက် ဖျက်ဆီးနေတဲ့ အခန်းပါဝင်ခဲ့ပါ တယ်။

အဲဒီမှာ ARMY တွေကို ဆွဲဆောင်စေခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ Jungkook ရဲ့ ပန်းရောင် BT21 Cooky Toiletry Bag ထဲက အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ အဲဒီအသုံးအဆောင်ကတော့ ရေမွှေးဖြစ်ပြီး Suga က ဆွတ်ဆောင်ဆွတ်ပြခဲ့ပါသေးတယ်။

သိမ်းငှက်မျက်လုံးတွေရှိတဲ့ ARMY တွေဟာ ရေမွှေးပုလင်းတစ်ခုဖြစ်တဲ့ Forment‘s “Cotton Hug” ကို တွေ့ရှိခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ အဆိုပါ Forment‘s “Cotton Hug” ရေမွှေးဟာ Real-Time Search မှာ Trend ဖြစ်ခဲ့သလို Brand Official ဝက်ဘ်ဆိုက်မှာလည်း Sold Out ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Jungkook ကတော့ ဘာပဲလုပ်လုပ် လက်နဲ့ထိတိုင်းရွှေဖြစ်တတ်တယ်ဆိုတာ ARMY တွေသိပြီး သားပါ။ 2021 ခုနှစ်မှာလည်း Jungkook တစ်ယောက် Brand တွေကို ဘယ်လောက်အထိ ရောင်းပေး ဦးမလဲဆိုတာ….

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page