K pop

■ K-Pop အမျိုးသမီး Soloist တွေထဲမှာ ဒီလိုလုပ်နိုင်တာ Jennie ပဲ ရှိတယ်

– – – BLACKPINK အဖွဲ့ဝင် Jennie ဟာ Soloist တွေထဲမှာ…

BLACKPINK အဖွဲ့ဝင် Jennie ဟာ သူမရဲ့ Solo သီချင်းနဲ့ ပတ်သက်ပြီး ဂုဏ်ယူစရာ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါပြီ။

ဒါကတော့ Jennie ရဲ့ Solo MV ဟာ You Tube မှာ Views သန်း (၆၀၀) ကျော်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် Jennie ဟာ အမျိုးသမီး Soloist တွေထဲမှာတော့ ဒီလို You Tube Views သန်း (၆၀၀) ကျော် MV ကို ပိုင်ဆိုင်တဲ့ ပထမဆုံး Soloist ဖြစ်လာခဲ့ပါတယ်။

Jennie ရဲ့ Solo သီချင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့မှာ သန်း (၆၀၀) ပြည့်မြောက်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ BLACKPINK ဟာ ဇန်နဝါရီ (၃၁) ရက်နေ့မှာ ပြုလုပ်မဲ့ YG Palm Stage – 2020 BLACKPINK: The Show” အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page