K pop

■ Jinyoung ပေးခဲ့တဲ့ ကတိကိုကြားပြီး Ahgase တွေ မျက်ရည်ဝဲ

-UNICODE

– – GOT7 အဖွဲ့ ပြန်ဆုံနိုင်ရေးနဲ့ ပတ်သက်ပြီး Jinyoung က ကတိတစ်ခုပေးခဲ့ကာ….

တလောကတုန်းကတော့ GOT7 အဖွဲ့ဝင်တွေဟာ JYP Entertainment နဲ့ စာချုပ်သက်တမ်း တိုးမြှင့်တော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သူတို့အနေနဲ့ GOT7 အဖွဲ့ဝင်တွေကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သဘောတူညီမှု မရရှိခဲ့ကြောင်း၊ JYP Entertainment အတွက် K-pop အတွက် GOT7 ရဲ့ စွမ်းဆောင်ပေးမှုတွေကို ကျေးဇူးတင်ကြောင်း JYP က ထုတ်ပြန်ခဲ့တာပါ၊

အဲဒီနောက် GOT7 အဖွဲ့ရဲ့ အနာဂတ်က ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာ မသိရှိရသေးလို့ အဖွဲ့ဝင်တွေကလည်း အေဂျင်စီအသီးသီးကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ GOT7 အဖွဲ့ကို ဥမကွဲ၊ သိုက်မပျက်နဲ့ ဆက်ရှိနေဖို့က Ahgase တွေ အတောင့်တဆုံးဆန္ဒပဲ ဖြစ်ပါတယ်။

(၃၅) ကြိမ်မြောက် Golden Disc Awards ပွဲမှာတော့ Jinyoung က စကားပြောကြားရာမှာ GOT7 အဖွဲ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကတိတစ်ခုပေးသွားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မမျှော်လင့်ထားတဲ့အရာတွေကို ကြုံတွေ့ရပြီး ပြောင်းလဲမှုတွေလည်း ကြုံခဲ့ရပါတယ်။ ခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော်တို့အတူတူ ငိုခဲ့ကြတယ်။ ရယ်ခဲ့ကြတယ်။ ၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို့အားလုံး အတူတကွ ပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ GOT7 ဟာ Album ကောင်းကောင်း၊ သီချင်းကောင်းကောင်းနဲ့ ပြန်လာမှာပါ။ ကျေးဇူးတင်ပါတယ်”လို့ Jinyoung က ဆိုခဲ့တာပါ ။

တစ်နေ့ကျရင် GOT7 ပြန်လာမယ်ဆိုတဲ့ Jinyoung ရဲ့ စကားကိုကြားပြီး Ahgase တွေ မျက်ရည်ဝဲခဲ့ကျရတာ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

– – GOT7 အဖြဲ႕ ျပန္ဆုံႏိုင္ေရးနဲ႔ ပတ္သက္ၿပီး Jinyoung က ကတိတစ္ခုေပးခဲ့ကာ….

တေလာကတုန္းကေတာ့ GOT7 အဖြဲ႕ဝင္ေတြဟာ JYP Entertainment နဲ႔ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ေတာ့မွာ မဟုတ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

သူတို႔အေနနဲ႔ GOT7 အဖြဲ႕ဝင္ေတြကို စာခ်ဳပ္သက္တမ္း တိုးျမႇင့္ဖို႔ ႀကိဳးပမ္းခဲ့ေပမဲ့ သေဘာတူညီမႈ မရရွိခဲ့ေၾကာင္း၊ JYP Entertainment အတြက္ K-pop အတြက္ GOT7 ရဲ႕ စြမ္းေဆာင္ေပးမႈေတြကို ေက်းဇူးတင္ေၾကာင္း JYP က ထုတ္ျပန္ခဲ့တာပါ၊

အဲဒီေနာက္ GOT7 အဖြဲ႕ရဲ႕ အနာဂတ္က ေရွ႕ဆက္ ဘာျဖစ္လာမလဲဆိုတာ မသိရွိရေသးလို႔ အဖြဲ႕ဝင္ေတြကလည္း ေအဂ်င္စီအသီးသီးကို ရွာေဖြေနၾကတာ ျဖစ္ပါတယ္။ ဒါေပမဲ့ GOT7 အဖြဲ႕ကို ဥမကြဲ၊ သိုက္မပ်က္နဲ႔ ဆက္ရွိေနဖို႔က Ahgase ေတြ အေတာင့္တဆုံးဆႏၵပဲ ျဖစ္ပါတယ္။

(၃၅) ႀကိမ္ေျမာက္ Golden Disc Awards ပြဲမွာေတာ့ Jinyoung က စကားေျပာၾကားရာမွာ GOT7 အဖြဲ႕ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ကတိတစ္ခုေပးသြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ မေမွ်ာ္လင့္ထားတဲ့အရာေတြကို ႀကဳံေတြ႕ရၿပီး ေျပာင္းလဲမႈေတြလည္း ႀကဳံခဲ့ရပါတယ္။ ခက္ခဲတဲ့ အခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔အတူတူ ငိုခဲ့ၾကတယ္။ ရယ္ခဲ့ၾကတယ္။ ၂၀၂၁ ခုႏွစ္မွာ ကြၽန္ေတာ္တို႔အားလုံး အတူတကြ ေပ်ာ္႐ႊင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ GOT7 ဟာ Album ေကာင္းေကာင္း၊ သီခ်င္းေကာင္းေကာင္းနဲ႔ ျပန္လာမွာပါ။ ေက်းဇူးတင္ပါတယ္”လို႔ Jinyoung က ဆိုခဲ့တာပါ ။

တစ္ေန႔က်ရင္ GOT7 ျပန္လာမယ္ဆိုတဲ့ Jinyoung ရဲ႕ စကားကိုၾကားၿပီး Ahgase ေတြ မ်က္ရည္ဝဲခဲ့က်ရတာ ျဖစ္ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page