K pop
■ Nancy ရဲ့ အဝတ်လဲခန်းကပုံတွေ ပေါက်ကြားတဲ့ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်းသူကို အရေးယူမှုနဲ့ ပတ်သက်ပြီး MLD Entertainment ထုတ်ပြန်
-UNICODE
– – -Nancy ရဲ့ဖြစ်ရပ်မှာ ပြစ်မှုကျူးလွန်းသူကို ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး MLD က ….
တလောတုန်းကတော့ MOMOLAND အဖွဲ့ဝင် Nancy ရဲ့ တရားမဝင် ပုံတွေ ပေါက်ကြားခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
Nancy ဟာ 2019 Asia Artist Awards မှာ အဖွဲ့နဲ့ ဖျော်ဖြေခဲ့သလို Presenter အဖြစ် ဆောင်ရွက်ခဲ့ပြီး အဲဒီအတွက် အင်္ကျီလဲရာမှာ အဝတ်လဲခန်းက ဓာတ်ပုံတွေသာမက ဗီဒီယိုဖိုင်ပါ ပေါက်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်အတွက် ပရိတသ်တွေက ဒေါသထွက်ခဲ့ကြသလို AAA က တာဝန်ရှိသူတွေကလည်း တရားဝင်တောင်းပန်ခဲ့ပါတယ်။ MLD Entertainment ကတော့ ပြစ်မှုကျူးလွန်းသူကို အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး အခုအခါမှာတော့ အရေးယူထားမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ အနုပညာရှင် Nancy ရဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ တရားမဝင်ဖြန့်ပွားခြင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အရေးယူမှုကို ပရိသတ်တွေထံ အသိပေးလိုပါတယ်။ လက်ရှိမှာတော့ Kyunggi Nambu Provincial Police ဆိုက်ဘာရာဇဝတ်မှုဌာနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။
တရားမဝင် ဓာတ်ပုံရိုက်ကူးခြင်းနဲ့ ပုံတွေဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မူလပြစ်မှုကျူးလွန်မှုကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆောင်ရွက်ထားပါတယ်။ ဓာတ်ပုံတွေကို ဆက်လက်ဖြန့်ဝေသူတွေကိုလည်း အရေးယူသွားမှာပါ။
ပရိသတ်တွေအနေနဲ့ ဆက်စပ်တဲ့ Post နဲ့ အကောင့်တွေကို သိမ်းဆည်းပြီး MLD ကို ပေးပို့မယ်ဆိုရင် ကျေးဇူးတင်မိမှာပါ”လို့ MLD Entertainment က ထုတ်ပြန်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page