K pop

■ ဂျူနီယာအနုပညာရှင်တွေအပေါ် BTS အဖွဲ့ဝင်တွေရဲ့ ဂရုစိုက်ခဲ့တဲ့ အခိုက်အတန့်များ

-UNICODE

– – -BTS အဖွဲ့ဝင်တွေဟာ စီနီယာအပေါ် ဘယ်လောက်တောင် ဂရုစိုက်သလဲဆိုတာ. . .

BTS အဖွဲ့ဟာ လက်ရှိအချိန်မှာတော့ အံ့အားသင့်ဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို ရယူထားနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ပိုင်းနှစ်တွေမှာ ပွဲထွက်တဲ့ K-pop Idol အဖွဲ့တွေအနေနဲ့ BTS ကို Role Model အဖြစ် ထားရှိလာကြတာကိုလည်း တွေ့ရပါတယ်။ BTS ကလည်း ဂျူနီယာတွေနဲ့ ဆက်ဆံရာမှာ ဟိတ်ကြီးဟန်ကြီးမရှိဘဲ ဂျူနီယာတွေအပေါ် နွေးနွေးထွေးထွေး ဂရုတစိုက် ရှိခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

TXT အဖွဲ့အတွက် ပီဇာ ကိုယ်တိုင်ဝယ်ပေးခဲ့တဲ့ Jin

MBC FM4U ရေဒီယိုအစီအစဉ်မှာ TXT အဖွဲ့ ပါဝင်ရာမှာတော့ BTS အဖွဲ့ဝင်တွေက သူတို့ကို အမြဲတမ်း ဂရုစိုက်တဲ့အကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ Soobin က Jin က သူတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပီဇာဝယ်ကျွေးခဲ့ကြောင်း၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အချိန်ဇယားတွေကြောင့် အတူတူ မစားဖြစ်ခဲ့ကြောင်း၊ နောက်တစ်ခါ အချိန်ရရင် BTS အဖွဲ့ဝင်တွေနဲ့ ကြက်ကြော်အတူတူ စာချင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

Park Jihoon ကို ဂရုစိုက်ပေးခဲ့တဲ့ V

Park Jihoon ဟာ BTS အဖွဲ့ဝင် V ရဲ့ ပရိသတ်တစ်ယောက်ဆိုတာ အားလုံးလည်း သိကြမှာပါ။ 2018 MGA တုန်းက V ဟာ Park Jihoon ဆီကိုသွားပြီး ဂရုတစိုက်နဲ့ စကားတွေ ပြောနေတဲ့မြင်ကွင်းကလည်း ကြည်နူးစရာပါပဲ။

ဂျူနီယာတွေအပေါ် အနစ်နာခံပေးခဲ့တဲ့ BTS

M COUNTDOWN ရဲ့ Ending Stage တစ်ခုမှာ BTS ဟာ တခြားအဖွဲ့တွေကို ဦးစားပေးပြီး နောက်ဆုံးမှာသာရပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ BTS ဟာ အဲဒီတုန်းက ဆုစာရင်းမှာ မပါဝင်ခဲ့လို့ ဂျူနီယာတွေကို ဦးစားပေးပြီး ကြင်နာမှုကို ပြသခဲ့တာပါ။ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး Netizens တွေက BTS ကို ချီးကျူးခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ဂ်ဴနီယာအႏုပညာရွင္ေတြအေပၚ BTS အဖြဲ႕၀င္ေတြရဲ႕ ဂရုစိုက္ခဲ့တဲ့ အခိုက္အတန္႔မ်ား

– – -BTS အဖြဲ႕ဝင္ေတြဟာ စီနီယာအေပၚ ဘယ္ေလာက္ေတာင္ ဂ႐ုစိုက္သလဲဆိုတာ. . .

BTS အဖြဲ႕ဟာ လက္ရွိအခ်ိန္မွာေတာ့ အံ့အားသင့္ဖြယ္ေကာင္းတဲ့ ေအာင္ျမင္မႈေတြကို ရယူထားႏိုင္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေနာက္ပိုင္းႏွစ္ေတြမွာ ပြဲထြက္တဲ့ K-pop Idol အဖြဲ႕ေတြအေနနဲ႔ BTS ကို Role Model အျဖစ္ ထားရွိလာၾကတာကိုလည္း ေတြ႕ရပါတယ္။ BTS ကလည္း ဂ်ဴနီယာေတြနဲ႔ ဆက္ဆံရာမွာ ဟိတ္ႀကီးဟန္ႀကီးမရွိဘဲ ဂ်ဴနီယာေတြအေပၚ ေႏြးေႏြးေထြးေထြး ဂ႐ုတစိုက္ ရွိခဲ့တာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

TXT အဖြဲ႕အတြက္ ပီဇာ ကိုယ္တိုင္ဝယ္ေပးခဲ့တဲ့ Jin

MBC FM4U ေရဒီယိုအစီအစဥ္မွာ TXT အဖြဲ႕ ပါဝင္ရာမွာေတာ့ BTS အဖြဲ႕ဝင္ေတြက သူတို႔ကို အၿမဲတမ္း ဂ႐ုစိုက္တဲ့အေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။ Soobin က Jin က သူတို႔အတြက္ ကိုယ္တိုင္ကိုယ္က် ပီဇာဝယ္ေကြၽးခဲ့ေၾကာင္း၊ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ အခ်ိန္ဇယားေတြေၾကာင့္ အတူတူ မစားျဖစ္ခဲ့ေၾကာင္း၊ ေနာက္တစ္ခါ အခ်ိန္ရရင္ BTS အဖြဲ႕ဝင္ေတြနဲ႔ ၾကက္ေၾကာ္အတူတူ စာခ်င္းေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Park Jihoon ကို ဂ႐ုစိုက္ေပးခဲ့တဲ့ V

Park Jihoon ဟာ BTS အဖြဲ႕ဝင္ V ရဲ႕ ပရိသတ္တစ္ေယာက္ဆိုတာ အားလုံးလည္း သိၾကမွာပါ။ 2018 MGA တုန္းက V ဟာ Park Jihoon ဆီကိုသြားၿပီး ဂ႐ုတစိုက္နဲ႔ စကားေတြ ေျပာေနတဲ့ျမင္ကြင္းကလည္း ၾကည္ႏူးစရာပါပဲ။

ဂ်ဴနီယာေတြအေပၚ အနစ္နာခံေပးခဲ့တဲ့ BTS

M COUNTDOWN ရဲ႕ Ending Stage တစ္ခုမွာ BTS ဟာ တျခားအဖြဲ႕ေတြကို ဦးစားေပးၿပီး ေနာက္ဆုံးမွာသာရပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ BTS ဟာ အဲဒီတုန္းက ဆုစာရင္းမွာ မပါဝင္ခဲ့လို႔ ဂ်ဴနီယာေတြကို ဦးစားေပးၿပီး ၾကင္နာမႈကို ျပသခဲ့တာပါ။ ဒီလုပ္ရပ္နဲ႔ ပတ္သက္ၿပီး Netizens ေတြက BTS ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page