K pop
■ IZ*ONE အဖွဲ့ ပြိုကွဲသွားမှာ မလိုလားတဲ့ နာမည်ကျော် Idol တစ်ဦးရဲ့ဆန္ဒ
-UNICODE
– – – IZ*ONE အဖွဲ့ မပြိုမကွဲဖြစ်စေဖို့ ပရိသတ်တွေသာမက K-pop Idol တွေပါ လိုလာနေကြတာဖြစ်ပြီး….
Produce 48 အစီအစဉ်ကနေ ပေါ်ပေါက်လာခဲ့တဲ့ IZ*ONE အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း စာချုပ်သက်တမ်း ပြည့်မြောက်သွားတော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ CJ ENM က IZ*ONE အဖွဲ့ဝင်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆွေးနွေးနေပြီး အဖွဲ့ဝင်တချို့က စာချုပ်သက်တမ်း တိုးမြှင့်လိုနေတယ်လို့ သိရပါတယ်။ IZ*ONE အဖွဲ့ကို စာချုပ်သက်တမ်း ဆက်လက် တိုးမြှင့်ဖို့ ပရိသတ်တွေသာမက K-pop Idol တွေပါ ဆန္ဒရှိနေတာကို တွေ့ရမှာပါ။
(၁၀) ကြိမ်မြောက် Gaon Chart Music Awards မှာ Super Junior အဖွဲ့ဝင် Leeteuk က သူ့အနေနဲ့ IZ*ONE အဖွဲ့တွေးလိုက်ရင် ဝမ်းနည်းရကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဒီအဆိုကို ITZY အဖွဲ့ဝင် Lia ကလည်း ထောက်ခံခဲ့ပါတယ်။
“ကျွန်မလည်း အတူတူပါပဲ။ IZ*ONE ရဲ့ လှုပ်ရှားမှုတွေကို တရားဝင်ရပ်တန့်တော့မယ်လို့ ကြားနေရတယ်။ သူတို့အနေနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အဖွဲ့လိုက် လှုပ်ရှားမှု ဆက်လက်ပြုလုပ်ဖို့ မျှော်လင့်မိပါတယ်”လို့ Lia က ဖွင့်ဟသွားခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page