K pop
■ ပွဲထွက်ပြီးနောက်ပိုင်း Suga ပြောင်းလဲသွားပုံကို BTS အဖွဲ့ဝင်တွေ ဖွင့်ဟ
-UNICODE
– – -ဒီကာလတွေမှာ Suga တစ်ယောက် ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ…
တစ်ခါတုန်းက BTS အဖွဲ့ဝင်တွေဟာ ပွဲထွက်ပြီးနောက်ပိုင်း Suga ပြောင်းလဲသွားပုံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြဖူးပါတယ်။
J-Hope က Suga ရဲ့ ဗီဒီယိုတွေကိုပြန်ကြည့်ရင် အားအရမ်းသုံးတာတွေ့ရတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အဲဒီမှာ အဖွဲ့ခေါင်းဆောင် RM က ပွဲထွက်ကာစ နေ့ရက်တွေမှာ သူတို့အားလုံးက ဒီလိုပဲလို့ ဆွေးနွေးခဲ့ပါတယ်။
ပွဲထွက်ကာစ နေ့ရက်တွေမှာ ပိုမိုထင်ပေါ်ကျော်ကြားဖို့အတွက် အားစိုက်ရမယ်လို့ ခံစားခဲ့ရကြောင်း Suga က ဖွင့်ဟခဲ့ပါတယ်။ အသက်အငယ်ဆုံး အဖွဲ့ဝင် Jungkook ကတော့ Suga ကို ကြည့်ရတာ နှစ်ကိုယ်ခွဲ တွေ့မြင်နေရသလိုမျိုးလို့ ဆိုခဲ့ပါတယ်။
Suga ဟာ ကင်မရာ နောက်ကွယ်မှာ အေးအေဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်ပေမဲ့ ရိုက်ကူးရေး စပြီဆိုရင် ပေါက်ကွဲအား ပြင်းထန်လေ့ရှိကြောင်း Jungkook က ဖွင့်ဟခဲ့ပါတယ်။
J-Hope ကတော့ လက်ရှိအချိန်မှာ Suga ဟာ ယုံကြည်မှု ရှိလာခဲ့ပြီဖြစ်ကြောင်း၊ Suga ရဲ့ လက်ရှိပုံစံက ဟန်ချက်ညီပြီး ပိုမိုသဘောကျမိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်.။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page