K pop

■ TIME Magazine ရဲ့ Global TIME100 Talks Event မှာဖျော်ဖြေမယ့် TWICE

—- TWICE အဖွဲ့ဟာ TIME Magazine ကပြုလုပ်မယ့် TIME100 Talks Event မှာဖျော်ဖြေမှုပြုလုပ်မယ်လို့ သိရပါတယ်။

TIME100 Talks Event ဟာ TIME Magazine က ပြုလုပ်တဲ့ Live စီးရီး Event တစ်ခုဖြစ်ပြီး နိုင်ငံရေး၊ စီးပွား ရေးအပါအဝင် အကြောင်းအရာမျိုးစုံကို သက်ဆိုင်ရာနယ်ပယ်က ခေါင်းဆောင်ပုဂ္ဂိုလ်တွေရဲ့ဆွေးနွေးမှုတွေကို ဖော်ပြတဲ့ Event တစ်ခုဖြစ်ပါတယ်။

အဆိုပါ TIME100 Talks Event Live ကို ဇန်နဝါရီလ 28ရက်နေ့ပြုလုပ်မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီး Kang Kyung Hwa အပါဝင် ကမ္ဘာ့ခေါင်းဆောင်အချို့ အင်တာဗျူးပြုလုပ်မယ်လို့သိရပါတယ်။ အဆိုပါ Live Event မှာ TWICE အဖွဲ့ဟာ “Depend on You,” သီချင်းကို ဖျော်ဖြေမှာဖြစ်ပါတယ်။

“Depend on You,” သီချင်းဟာ Studio Album “Eyes wide open.” ထဲက B-Side Track ဖြစ်ပြီး သီချင်း စာသားအချို့ကို Nayeon ကိုယ်တိုင်ရေးထားတာလည်းဖြစ်ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page