K pop

■ Kai ရဲ့မွေးနေ့အတွက် ပရိသတ်တွေ ငွေကြေးဘယ်လောက်ထိ လှူဒါန်းခဲ့သလဲ

— နှစ်စဉ်နှစ်တိုင်း Kai ရဲ့ အမာခံပရိသတ်တွေဟာ မွေးနေ့အတွက် ကလေးကင်ဆာကုသရေးအဖွဲ့အစည်းကို ငွေကြေးလှူဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘယ်လောက်လှူဒါန်းခဲ့သလဲဆိုတာ…

ဇန်နဝါရီလ 14 ရက်နေ့က Kai ရဲ့မွေးနေ့အတွက် EXO-L တွေ ချစ်ခြင်းတွေနဲ့ အောင်ပွဲခံခဲ့ကြပြီးပါပြီ။ Jong Dal Se (Kai’s Korean fan-base) ဟာ Kai ရဲ့မွေးနေ့အတွက် Korea Leukemia Children’s Foundation ကို ဝမ် 8.8သန်း(ကန်ဒေါ်လာ 8000ခန့်) လှူဒန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Korea Leukemia Children’s Foundation ဟာ ကင်ဆင်ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေကို ကုသပေး တဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

Jong Dal Se (Kai’s Korean fan-base) ဟာ 2012 ခုနှစ် Kai Debut စလုပ်ကတည်းက အဆိုပါဖောင်ဒေး ရှင်းကိုနှစ်စဉ်နှစ်တိုင်းလှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဝမ် 62.8သန်းကျော်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီးပြီ လို့လည်းသိရပါတယ်။ Kai ရဲ့မွေးနေ့ကိုအကြောင်းပြုပြီး Idol နဲ့ Fan တွေရဲ့ဆက်သွယ်မှုကြောင့် ကင်ဆာဝေဒ နာသည်ကလေးငယ်လေးတွေရဲ့ နာကျင်မှုတွေ အများကြီးဖြေဖျောက်နိုင်ခဲ့ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page