K pop

■ ဂျပန်နာမည်ကြီး Plastic Surgeon ထုတ်ပြန်တဲ့ List ထဲမှာ တစ်ဦးတည်းသာပါဝင်ခဲ့တဲ့ K-pop အမျိုးသမီး Idol

—- ဂျပန်နိုင်ငံရဲ့ မျက်နှာခွဲစိတ်ပြုပြင်ပြောင်းလဲမှုမှာ ခွဲစိတ်သူတွေတောင်းဆိုမှုအများဆုံးဖြစ်တဲ့ တစ်ဦးတည်းသော K-pop အမျိုးသမီး Idol ကတော့ TWICE အဖွဲ့ဝင် Tzuyu ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ Tokai ဒေသဘက်မှာ နာမည်အကြီးဆုံးဖြစ်တဲ့ ခွဲစိတ်ဆရာဝန် Mr. Takaya Mikiya ဟာ ခွဲစိတ်သူ တွေ တောင်းဆိုမှုအများဆုံးဖြစ်တဲ့ အမျိုးသမီး Cele စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာရင်းမှာ ဂျပန် မင်းသမီးများနဲ့ Cele တွေအများအပြားရပ်တည်နိုင်ခဲ့ပြီး K-pop လောကက အမျိုးသမီး Cele တစ်ဦးဆိုလို့ TWICE အဖွဲ့ဝင် Tzuyu သာ ပါဝင်နိုင်ခဲ့တာပါ။

TWICE အဖွဲ့ရဲ့ Visual Goddess ဖြစ်တဲ့ Tzuyu ဟာ နံပါတ် (7)မှာရပ်တည်နိုင်ခဲ့တာပါ။ Tzuyu အလှကို ဂျပန်မိန်းကလေးတွေက လိုချင်ကြပြီး သူမရဲ့မျက်နှာအစိတ်အပိုင်းအချို့နဲ့ တူညီအောင် ပြုပြင်ကြတာဖြစ်ပါ တယ်။

Tzuyu ဟာ ပြီးခဲ့တဲ့နှစ် အဆိုပါ ခွဲစိတ်ဆရာဝန် Mr. Takaya Mikiya ရဲ့ List မှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီ တုန်းက သူမရဲ့အလှကို Mr. Takaya Mikiya က အခုလိုမှတ်ချက်ပြုခဲ့ပါတယ်။

“ Tzuyu ဟာ နေရာအနှံ့ပြည့်စုံပြီး လှပတဲ့အမျိုးသမီးအဖြစ် မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ Tzuyu လို K-pop Idol နဲ့ တူသယောင်ရှိတယ်လို့ ထင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ မှားတာပါပဲ။ သူ့လိုလှပဖို့ တော်တော်ခက်ပါတယ်” လို့ မှတ်ချက်ပြုခဲ့တာပါ။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page