K pop
■ BTS အဖွဲ့ကို GRAMMY မှာ ဆုရစေချင်နေတဲ့ ITZY အဖွဲ့ဝင်
-UNICODE
– – -သူမက BTS အဖွဲ့ ဆန်ခါတင်စာရင်း ဝင်တာကို အလွန်ဂုဏ်ယူလျက်ရှိနေပြီး……
BTS အဖွဲ့ဟာ Dynamite သီချင်းနဲ့ 2021 GRAMMY Awards မှာ Best Pop Duo/Group Performance ဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး BTS ရဲ့ အောင်မြင်မှုအပေါ် BTS အဖွဲ့ဝင်တွေနဲ့ ARMY တွေဟာ အလွန်စိတ်လှုပ်ရှားခဲ့ပြီး အောင်ပွဲခံခဲ့တာပါ။ ဒါပေမဲ့ BTS ရဲ့ GRAMMY အောင်မြင်မှုအပေါ် တခြား K-pop Idol တွေကလည်း ဂုဏ်ယူလျက်ရှိနေပြီး အဲဒီအထဲမှာ ITZY အဖွဲ့ဝင် Lia ကလည်း အပါအဝင်ပါ။
(၁၀) ကြိမ်မြောက် Gaon Chart Music Awards မှာ ITZY အဖွဲ့ဝင် Lia က BTS အဖွဲ့ရဲ့ GRAMMY အောင်မြင်မှုအပေါ် သူမရဲ့ ခံစားချက်ကို မျှဝေသွားခဲ့ပြီး BTS ကို ဆုရရှိစေလိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
“GRAMMYs နဲ့ The Recording Academy တို့ရေ. ကျွန်မက ITZY အဖွဲ့ဝင် Lia ပါ။ BTS ဟာ GRAMMY မှာ ဆန်ခါတင်စာရင်းဝင်တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်တဲ့အခါ ကျွန်မတို့အားလုံး ဝမ်းသာပီတိဖြစ်ပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။ BTS အဖွဲ့သာ GRAMMY ဆုကို ရခဲ့မယ်ဆိုရင် ဒါဟာ အလွန်အံ့အားသင့်စရာကောင်းမှာပါ”လို့ Lia က ဆိုခဲ့တာပါ။
BTS အဖွဲ့ဝင်တွေကလည်း GRAMMY ဆုကို ရရှိုဖို့ အိပ်မက်မက်လျက် ရှိနေပါတယ်။ ဒါကြောင့် BTS အနေနဲ့ GRAMMY ဆုကို အမှန်တကယ် ရယူသွားနိုင်မလားဆိုတာ ရင်ခုန်စရာပါပဲ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page