K pop
■ JYP Entertainment က GOT7 ကို ညစ်ပတ်ခဲ့တယ်ဆိုတာ ပိုမိုသေချာသွားစေခဲ့တဲ့ Papa Tuan ရဲ့ အဖြေ
-UNICODE
– – -GOT7 အဖွဲ့ဝင် Mark ရဲ့ ဖခင် Papa Tuan ဟာ ပရိသတ်တွေကြားမှာ ထင်ရှားပြီး…
GOT7 အဖွဲ့ဝင်တွေဟာ JYP Entertainment ရဲ့ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်တော့ခြင်း မရှိတော့ဘဲ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
JYPE ဘက်က GOT7 အဖွဲ့ဝင်တွေကို ညစ်ပတ်ခဲ့ပြီး မမျှမတ ဆက်ဆံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Papa Tuan ရဲ့ အဖြေ အဲဒီသတင်းတွေကို ပိုမိုခိုင်မာသွားစေခဲ့ပါတယ်။
ဇန်နဝါရီ (၁၁) ရက်နေ့မှာတော့ GOT7 အဖွဲ့ဝင် Mark ရဲ့ ဖခင်က GOT7 နဲ့ ပတ်သက်ပြီး ပရိသတ်တစ်ယောက်ရဲ့မေးခွန်းကို တုံ့ပြန်ခဲ့ရာမှာတော့ အားလုံးအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
ပရိသတ်တစ်ယောက်က “JYPE ဟာ GOT7 အဖွဲ့ဝင်တွေကို ဘယ်လိုညစ်ပတ်ခဲ့တာလဲ”ဆိုပြီး Post ရေးတင်ထားခဲ့တာပါ။ အဲဒီမှာ ပရိသတ်တွေ မမျှော်လင့်ထားတာက Papa Tuan က အဲဒီ Post ကို Reply ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
Papa Tuan က The truth ဆိုတဲ့ Caption ကို ရေးသားကာ တုံ့ပြန်ခဲ့တာပါ။ Papa Tuan ဟာ တခြားအသေးစိတ် ဘာမှ ရေးသားခဲ့ခြင်းမရှိပေမဲ့လည်း ဒါကပဲ JYP အနေနဲ့ GOT7 အဖွဲ့ဝင်တွေကို ညစ်ပတ်ခဲ့တယ်ဆိုတာ ပိုမိုသေချာသွားခဲ့ပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page