K pop

■ Rosé ရဲ့ Solo MV ရိုက်ကွင်းက ပုံရိပ်တွေ ထွက်ပေါ်လာ

— – – အဲဒီရိုက်ကွင်းမှာ Rosé ရဲ့ ပွဲဦးထွက် Solo သီချင်းနာမည်ကိုပါ သိခွင့်ရဖွယ်…

YG Entertainment က BLACKPINK အဖွဲ့ဝင် Rosé အနေနဲ့ Solo Debut လုပ်မယ်လို့ အတည်ပြုထားပေမဲ့ ရက်စွဲကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ပရိသတ်တွေကတော့ Rosé အနေနဲ့ Solo ပွဲထွက်ဟာ သိပ်မကြာတော့ဘူးလို့ ခန့်မှန်းနေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ IG မှာ တက်လာတဲ့ ပုံရိပ်တွေကြောင့်ပါ။ IG မှာ J-World ဆိုတဲ့ အကောင့်က #MusicVideo”၊ “#BLACKPINKRosé” ဆိုတဲ့ hashtag တွေနဲ့အတူ သူတို့ရဲ့ အလန်းစားကားပုံရိပ်တွေကို ဖော်ပြတာခဲ့တာကြောင့်ပါပဲ။

J-World ဆိုတာ ကိုရီးယားမှာ Celebs တွေအတွက် အလန်းစားကားတွေ၊ တန်ဖိုးမြင့်ကားတွေ၊ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကားတွေ ငှားရမ်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ရိုက်ကွင်းပုံရိပ်တွေကို သူတို့က တင်ခဲ့တာဖြစ်ပါတယ်။

J-World ဟာ ပုံတွေတင်ပြီး သိပ်မကြာခင်မှာ ဖျက်ပစ်ခဲ့ပေမဲ့ ပရိသတ်တွေက Save နိုင်ခဲ့ပြီး အခုဆို ရိုက်ကွင်းပုံတွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာပါ။ အောက်က ပုံမှာ မြင်တဲ့အတိုင်း အဆောက်အအုံမှာ ရေးထားတဲ့ CAROL ဆိုတဲ့ စာသားကို မြင်ရမှာပါ။

ပရိသတ်တွေကတော့ အဲဒီ CAROL ဆိုတဲ့ စာသားဟာ Rosé ရဲ့ ပွဲဦးထွက် Solo သီချင်းနာမည်ဖြစ်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ဒါ့ပြင် ကိုရီးယားဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ သန်းကြွယ်သူဌေးတွေ စီးလေ့ရှိတဲ့ ဇိမ်ခံကားကို တွေ့ရမှာပါ။ ဒါကြောင့် Rosé ရဲ့ ပွဲဦးထွက် Solo MV မှာ “Kill This Love” ကလို ကားမောင်းတာ ပါနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ထပ်ပြီး သေချာစေတာက အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ ဖိနပ်တွေ ဖြစ်ပြီး စတိုင်လစ် ပြင်ဆင်နေတဲ့ အဲဒီအဝတ်အစားတွေနဲ့ ဖိနပ်တွေဟာ Rosé အနေနဲ့ global ambassador အဖြစ် ဆောင်ရွက်နေတဲ့ Yves Saint Laurent အမှတ်တံဆိပ်တွေ ဖြစ်နေတာပါ။

ရိုက်ကွင်းဟာ ဆိုးလ်အရှေ့ဘက်က Yangpyeong ဖြစ်ပြီး မူရင်း IG ပို့စ်မှာ (၃)ရက်၊ (၂)ညလို့ ရေးထားတာကြောင့်

Rosé ရဲ့ Solo MV မှာ ညဘက် Scene တွေ ပါလာနိုင်တယ်လို့လည်း ပရိသတ်တွေက ဆိုနေကြပါတယ်။

— ဃဲ
Source: Featured Image

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page