K pop

■ Gaon Digital Chart မှာ အရှည်ကြာဆုံး ရပ်တည်နိုင်တဲ့ K-pop သီချင်း (၁၀) ပုဒ်

– – -နံပါတ်တစ်သီချင်းဆိုရင် Gaon Digital Chart မှာ ရက်သတ္တပတ် (၂၀၀) ကျော်အထိ ရပ်တည်နိုင်ခဲ့ပြီး….

Gaon Digital Chart ဟာ ကိုရီးယားရဲ့ နာမည်ကျော် Music Charts တစ်ခုဖြစ်ပါတယ်။

Gaon ဟာ downloads, streams နဲ့ တခြားအချက်အလက်တွေကို အခြေခံပြီး အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် Charts တွေကို ထုတ်ပြန်ပေးလေ့ရှိတာပါ။ အခုအခါမှာတော့ Gaon Digital Chart မှာ အရှည်ကြာဆုံး ရပ်တည်နိုင်တဲ့ K-pop သီချင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Charts တစ်ခုမှာ ကာလရှည်ကြာစွာ ရပ်တည်နိုင်ခဲ့တာဟာ အဲဒီသီချင်း ဘယ်လောက်အောင် အောင်မြင်နေသလဲဆိုတာ တစ်နည်းအားဖြင့် ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။

10. “If It Is You” – Jung Seung Hwan (၈၄ ပတ်)

9. “Missing You” – BTOB (၈၆ ပတ်)

8. “Boy With Luv”- BTS ft. Halsey (၉၀ ပတ်)

7. “Rain” -Paul Kim (၉၉) ပတ်

6. “No Matter Where”- M.C The Max (၁၁၂) ပတ်

5. “I Will Go To You Like The First Snow” – Ailee (၁၁၃) ပတ်

4. “Me After You” – Paul Kim (၁၁၃) ပတ်

3. “Every Day, Every Moment” – Paul Kim( ၁၄၅) ပတ်

2. “Through the Night” – IU (၁၆၃) ပတ်

1. “Spring Day” – BTS (၂၀၂ ) ပတ်

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page