K pop
■ ပွဲထွက်ပြီးနောက်ပိုင်း Jungkook ဘာတွေပြောင်းလဲသွားခဲ့သလဲ
-UNICODE
– – -ဒီနှစ်ကာလတွေအတွင်း Golden Maknae လေးရဲ့ ပြောင်းလဲသွားမှုကို BTS အဖွဲ့ဝင်တွေက……
BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင် Jungkook ဟာ အသက် (၁၅) နှစ်အရွယ်ကတည်းက BTS အဖွဲ့နဲ့ ပွဲထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ငယ်ရွယ်ပေမဲ့ Jungkook ဟာ ထူးချွန်တဲ့အရည်အသွေးများစွာကို ပိုင်ဆိုင်ထားလို့ Golden Maknae ဆိုပြီး သတ်မှတ်ခြင်း ခံထားရပါတယ်။ တစ်ခါက BTS အဖွဲ့ဝင်တွေက ဒီနှစ်အတွင်း Jungkook ရဲ့ ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ပထမဆုံး Suga က Jungkook ဟာ အသက်ခပ်ငယ်ငယ်ကတည်းက ပွဲထွက်ခဲ့လို့ တချို့အရာတွေမှာ သူကိုယ်သူတောင် နားမလည်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ Jungkook အနေနဲ့ အသက်အရွယ်နဲ့မလိုက် တာဝန်ယူခဲ့ရကြောင်း Suga က ဆိုခဲ့တာပါ။
ဒါပေမဲ့ ဒီဘက်နှစ်တွေမှာတော့ Jungkook ဟာ ရင့်ကျက်လာခဲ့ပြီး သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာတယ်လို့ Suga က ဆိုခဲ့ပါတယ်။ Suga ရဲ့အဆိုကို V ကလည်း ထောက်ခံခဲ့ပါတယ်။ Jungkook နဲ့ ပတ်သက်ပြီး V က “အရင်တုန်းကနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အခုအချိန်မှာ Jungkook က ပိုပြီးနာလည်လာပါပြီ”လို့ ဖွင့်ဟခဲ့ပါတယ်။
ဆက်လက်ပြီး J-Hope ကလည်း Jungkook ဟာ လက်ရှိအချိန်မှာပိုပြီး မေတ္တာတရား ကြီးမားလာကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page