—- YouTube Queen တွေရဲ့လားရာက အမြဲတမ်း စံချိန်တွေအတွက်ပါပဲ…
BLACKPINK အဖွဲ့ဝင် Jennie ဟာ သူမရဲ့ ကိုယ်ပိုင် YouTube Channel ကိုစဖွင့်တာ တစ်ရက်မပြည့်မသေး တဲ့အချိန်မှာ Subscriber 1သန်း အမြန်ဆုံးပြည့်တဲ့ မိုင်တိုင်စံချိန်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။
ဇန်နဝါရီလ 16 ရက်နေ့က ကမ္ဘာ့နာမည်ကြီး Idol Jennie ဟာ သူမရဲ့ အသက် 25နှစ်ပြည့်မွေးနေ့အထိမ်းအ မှတ်အနေနဲ့ ကိုယ်ပိုင် YouTube Channel အကောင့်တစ်ခုကို ဖွင့်လိုက်တာ BLINK တွေအားလုံးသိပါတယ်။
သူမရဲ့ YouTube Channel ဟာ စဖွင့်ပြီး 7နာရီ (အကောင့်ဖွင့်ပြီးလို့ ကြေညာချိန် 6နာရီ)ကြာပြီးတဲ့နောက်မှာ တော့ အလျင်အမြန်ပဲ Subscriber 1 သန်းပြည့်သွားခဲ့တယ်လို့ သိခဲ့ရပါတယ်။ 12 နာရီ ကြာပြီးတဲ့နောက်မှာ တော့ Subscriber 1.16 သန်းပြည့်သွားခဲ့ပါတယ်။
ဒါကြောင့် အကောင့်စဖွင့်ပြီး အမြန်ဆုံး Scbscriber 1 သန်းပြည့်တဲ့ အမြန်ဆုံး YouTube Channel တစ်ခု လည်းဖြစ်လာခဲ့ပါတယ်။ ဇန်နဝါရီလ 17 ရက် ကိုရီးယားစံတော်ချိန် 1:36 AM မှာတော့ Subscriber က 1.24 သန်းရှိခဲ့ပြီလို့လည်းသိရပါတယ်။
-m2t
Ref: Allkpop
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*