K pop

■ ပထမဆုံး YouTube Views သန်း (500)ပြည့်တဲ့ MV တစ်ပုဒ်ပိုင်ဆိုင်ခဲ့တဲ့ BIGBANG

—- K-pop King တွေဟာ အနုပညာလှုပ်ရှားမှုမရှိပေမယ့် သူတို့ရဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ သီချင်းကောင်း တွေကို ပရိသတ်တွေ အမြဲတမ်းနားထောင်နေပုံပါပဲ…

အခုလည်း BIGBANG ဟာ ပထမဆုံး YouTube Views သန်း (500)ပြည့်တဲ့ MV တစ်ပုဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အဆိုပါသီချင်းကတော့ 2015 ၊ 2016 မှာ K-pop တစ်ခွင်အရမ်းကို Hit ဖြစ်ခဲ့တဲ့ “BANG BANG BANG” MV ဖြစ်ပါတယ်။

ဇန်နဝါရီလ 16 ရက်နေ့ ကိုရီးယားစံတော်ချိန် 10:55 PM မှာ BIGBANG ရဲ့ “BANG BANG BANG” MVဟာ YouTube Veiws သန်း (500)ပြည့်သွားတာဖြစ်ပါတယ်။ BIGBANG ရဲ့ “BANG BANG BANG” MV ကို 2015 ခုနှစ်၊ ဇွန်လ 1 ရက်နေ့ကစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး Views သန်း 500 ပြည့်ဖို့ 5နှစ်၊ 7လနဲ့ 15 ရက်ကြာခဲ့ပါ တယ်။

“BANG BANG BANG” MV ဟာ YouTube Views သန်း (500)ပြည့်တဲ့ BIGBANG ရဲ့ ပထမဆုံး MV လည်း ဖြစ်ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page