Celebrity

■ Instagram Follower (10)သန်းပြည့်တဲ့ အသက်ငယ်ဆုံး မင်းသမီး

—- မင်းသမီး Kim So Hyun ဟာ Instagram Follower (10)သန်းပြည့်တဲ့ အသက်ငယ်ဆုံး မင်းသမီးတစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ 15 ရက်နေ့က မင်းသမီး Kim So Hyun ရဲ့ Instagram အကောင့်ဟာ Follower (10) သန်းပြည့်သွားခဲ့ပြီး IU ၊ Suzy ၊ Lee Sung Kyung ၊ YoonA ၊ Park Shin Hye နဲ့ Song Hye Kyo တို့လို Follower များပြားတဲ့ မင်းသမီးတွေအနက် အသက်ငယ်ဆုံးမင်းသမီးဖြစ်ခဲ့ပါတယ်။

Kim So Hyun ဟာ Instagram မှာအမြဲတမ်း Active ဖြစ်လေ့ရှိပြီး ပရိသတ်တွေကို အနုပညာလှုပ် ရှားမှုတွေအပါအဝင် သူမရဲ့ပုံရိပ်တွေကို အမြဲတမ်းချပြလေ့ရှိသူဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Instagram မှာ ပရိသတ်တွေကို Follow အများအပြားပြန်လုပ်တဲ့ မင်းသမီးလည်းဖြစ်ပါတယ်။

2017 TS မဂ္ဂဇင်းတုန်းကဆိုရင် Kim So Hyun ဟာ သူမအကောင့်အနေနဲ့ ဘာကြောင့် ပရိသတ်တွေ ကို Follow ပြန်လုပ်တာလည်းဆိုတာနဲ့ပတ်သက်ပြီး ပြောခဲ့ဖူးပါတယ်။ “ ကျွန်မဟာ Instagram ကို စသုံးခါစက ကျွန်မကို Follow လုပ်တဲ့ပရိသတ်တွေရဲ့အကောင့်တွေကို ပြန်လည် Follow လုပ်ချင်ခဲ့ ပါတယ်။ တစ်ခါတစ်လေ အဲဒီလို Follow ပြန်လုပ်တာ တစ်ညလုံး ကုန်မှန်းမသိကုန်သွားခဲ့ပါတယ်။ တစ်ထိုင်တည်း Follow ပြန်လုပ်တာများလို့လည်း အကောင့်တောင် ခဏပိတ်ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် အခြား Cele တွေနဲ့မတူဘဲ ကျွန်မအကောင့်မှာ Follow တွေများတာဖြစ်ပါတယ်” လို့ Kim So Hyun က ပြောခဲ့ဖူးပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page