K pop

■ ပထမဆုံး K-pop Male Idol Solo Song အဖြစ် စံချိန်တင်ခဲ့တဲ့ Jungkook ရဲ့ ‘Euphoria’

—- ARMY တွေက Jungkook ရဲ့ ‘Euphoria’ ကို Chart-Smasher Song လို့ ခေါ်ဝေါ်ကြတာ ဒါကြောင့်ပါ…

BTS အဖွဲ့ဝင် Jungkook ရဲ့ ‘Euphoria’ သီချင်းဟာ Spotify မှာ Stream သန်း 200 ကျော်နဲ့ Stream အများ ဆုံး ပထမဆုံး K-pop Male Idol Solo Song အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Spotify မှာ Stream သန်း 200 ရရှိတဲ့ ပထမဆုံး BTS Solo Song အနေနဲ့လည်း Jungkook ရဲ့ ‘Euphoria’ က မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် BTS အဖွဲ့ B-side Track သီချင်းတွေအနက် ‘Euphoria’ က Stream အများဆုံးလည်းဖြစ်ပါတယ်။ BTS သီချင်းတွေအားလုံးထဲက Stream အများဆုံးစာရင်းမှာတော့ #9 ဖြစ်ခဲ့ပါ တယ်။

ဒါ့အပြင် Spotify မှာ Korean Soloist သီချင်းတွေထဲမှာ Jungkook ရဲ့ ‘Euphoria’ သီချင်းက Stream အများဆုံး တတိယဖြစ်ပါတယ်။ Jungkook ရဲ့ ‘Euphoria’ သီချင်းဟာ လက်ရှိအချိန်မှာလည်း Billboard World Digital Song Sales မှာ 47ပတ်ကျော်ဆက်တိုက်ပါဝင်ပြီး Longest-charting K-pop Idol Song အဖြစ်လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။

ARMY တွေရဲ့ Jungkook ရဲ့ အဆိုပါအောင်မြင်မှုနဲ့ပတ်သက်ပြီး Twitter မှာ #Euphoria200M, GOLDEN EUPHORIA JK, #유포리아_2억스밍_대기록_축하해 စတဲ့ Hashtag တွေနဲ့ Trend ပြုလုပ်ခဲ့ကြပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page