K pop

■ G-Dragon ရဲ့ “Black” သီချင်း မှာ ဖျော်ဖြေခဲ့တုန်းက ရုန်းကန်ခဲ့ရဖူးတဲ့ Jennie

—- Jennie ဟာ BLACKPINK အဖွဲ့ဝင်အဖြစ် Debut မလုပ်ခင် K-pop King ကြီးနဲ့ အတူတူ ဖျော်ဖြေခဲ့ရတဲ့အချိန်မှာ ရုန်းကန်ခဲ့ရပုံကို…

BLINK တွေအားလုံးသိပါတယ်။ BLACKPINK အဖွဲ့ဝင် Jennie ဟာ Debut မလုပ်ခင် BIGBANG အဖွဲ့ဝင် G-Dragon ရဲ့ “Black” သီချင်း မှာ Featuring အဖြစ် ပါဝင်သီဆိုခဲ့ပြီး စတိတ်စင်ပေါ်မှာ ဖျော်ဖြေခဲ့ဖူးသူဖြစ်ပါတယ်။

အဲဒီလိုဖျော်ဖြေတုန်းက သူမအနေနဲ့ ဘယ်လောက်ထိ ပင်ပန်းပြီးရုန်းကန်ခဲ့ရသလဲဆိုတာကို Jennie က Jung Yumi‘s radio show အစီအစဉ်မှာ ပါဝင်ခဲ့တုန်းက ဖွင့်ဟခဲ့ဖူးပါတယ်။

Jennie က အဲဒီတုန်းက သူမဟာ Music ပရိုဂရမ်တွေနဲ့ပတ်သက်ပြီး ဘာမှမသိသလို စတိတ်စင်ပေါ် ကနေ ကင်မရာကို ဘယ်လိုကြည့်ရမလဲဆိုတာ မသိလို့ ပင်ပန်းရုန်းကန်ခဲ့ရတာလို့ရှင်းပြခဲ့ပါတယ်။ စီနီ ယာ G-Dragon ကတော့ အမြဲတမ်းထိတွေ့နေကြဖြစ်တာကြောင့် သဘာဝအတိုင်းပဲ ပြုလုပ်ခဲ့သလို G-Dragon ကိုလည်း ဒုက္ခမပေးချင်လို့ အကူအညီလည်းမတောင်းခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီမှာ ဖျော်ဖြေမှုပြုလုပ်တော့ Jennie ဟာ ဒုက္ခရောက်နေခဲ့ပြီး နောက်ဆုံးမှာတော့ ဖျော်ဖြေမှုပြုလုပ် နေစဉ် ကင်မရာကို ဘယ်လိုရှာရမလဲဆိုတာ အကူအညီတောင်းခဲ့ရတယ်လို့ Jennie က ရှင်းပြခဲ့ပါ တယ်။ Jennie အနေနဲ့ အဲဒီတုန်းက ရုန်းကန်ခဲ့ရပေမယ့် အကျိုးကျေးဇူးအနေနဲ့ BLACKPINK အဖွဲ့ ဝင်အဖြစ် Debut မလုပ်ခင်ကတည်း YG Stan တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Training တစ်ဦးဖြစ်ခဲ့ပါ တယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page