K pop

■ Blonde ဆံပင်အရောင်ကို Jungkook ဘာကြောင့် ပြောင်းခဲ့တာလဲ

— 35th Golden Disc Awards ဆုပေးပွဲမှာ ပြောင်းလဲခဲ့တဲ့ Jungkook ရဲ့ ဆံပင်အရောင် Gold/Blonde နဲ့ပတ်သက်ပြီး ARMY တွေ အံ့အားသင့်ခဲ့ကြပါတယ်။

နောက်ပြီး ဒီလို ဆံပင်ကာလာပြောင်းလဲခဲ့တာဟာ သူ့ရဲ့ Mixtape နဲ့ပတ်သက်ပြီးပြောင်းလဲခဲ့တာ ဖြစ်မယ်ဆိုပြီးတော့လည်း ARMY တွေ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဆံပင်အရောင် ပြောင်းခဲ့တာလဲဆိုတာကို Jungkook က 35th Golden Disc Awards မှာပြောခဲ့ပါတယ်။

Jungkook ရဲ့ အဖြေက ရိုးရှင်းလို့ ARMY တွေက ပိုကြွေခဲ့ကြပါတယ်။ “ 2020 ခုနှစ်အတွင်း ကိုရီးယားမှာ ဒီဆုပေးပွဲဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးဖျော်ဖြေမှုဖြစ်ပါတယ်။ ဒါကြောင့် Golden Disc ဆုပေးပွဲမှာ ကျွန်တော် Gold အရောင်ကို ဆိုးခဲ့တာဖြစ်ပါတယ်” လို့ Jungkook က ပြောခဲ့ပါ တယ်။

Jungkook ရဲ့ ပြောဆိုမှုကို ခေါင်းဆောင်ဖြစ်တဲ့ RM က အရွှန်းဖောက်ခဲ့ပြီး Jungkook အနေနဲ့ အခုလို Gold အရောင်ဆိုးတာဟာ မျှော်လင့်ချက်နဲ့ဖြစ်ပြီး ဒီဆုပေးပွဲမှာ ကျွန်တော်တို့ ဆုအများကြီး ရအောင်လို့ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီအခါ J-Hope ကလည်း RM ကို ပြန်စခဲ့ပြီး ဒါဆို မင်းအနေနဲ့ Silver ဆံပင်အရောင်ဆိုးတာဟာ Daesang ဆုအရောင်နဲ့လိုက်ဖက်အောင်လို့လားလို့ ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page