—- K-pop Idol တွေဟာ Trendsetter တွေဖြစ်ကြပြီး Hairstyle ၊ ဖက်ရှင်၊ မိတ်ကပ်၊ Brand တွေကို ပိုမိုနာမည်ကြီးအောင် ပြုလုပ်ပေးနိုင်တဲ့သူတွေပါ။ လက်ရှိ နာမည်ကြီး Makeup Brand Ambassadors တွေဖြစ်ကြတဲ့ K-pop Idol တွေကို ဖော်ပြပေးချင်ပါတယ်။
1) BLACKPINK Lisa: MAC
2020 ခုနှစ်၊ အောက်တိုဘာလက BLACKPINK အဖွဲ့ဝင် Lisa ဟာ Cosmetics Brand, MAC ရဲ့ ပထမဆုံး Brand Ambassador K-pop Idol အဖြစ်ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။
2) BLACKPINK Jisoo: Dior
Lisa လိုပဲ BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ဟာ နာမည်ကြီး Makeup Brand တစ်ခုဖြစ်တဲ့ Dior ရဲ့ Brand သံတမန်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့အလှနဲ့ မိတ်ကပ် Brand တောက်ပြောင်နေမှုကတော့ ပြောစရာမလို တော့ပါဘူး။
3) UNIQ Wang Yibo: Shu Uemura
K-လောကမှာ အလှကုန်ပစ္စည်းကို အမျိုးသမီး Idol တွေပဲ ကြော်ငြာမော်ဒယ်ပြုလုပ်တာမဟုတ်ပါဘူး။ အမျိုးသားတွေလည်းပြုလုပ်လေ့ရှိပြီး UNIQ အဖွဲ့ဝင် Wang Yibo ဟာလည်း Shu Uemura မိတ်ကပ်ထုတ် ကုန်ရဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။
4) Oh My Girl YooA: Too Faced
Too Faced ဟာ U.S ထုတ်အမျိုးသမီးအလှကုန် Brand ဖြစ်ပါတယ်။ 2020 ခုနှစ် စက်တင်ဘာလမှာ Oh My Girl အဖွဲ့ဝင် YooA ဟာ ကိုရီးယား Brand သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
5) EXO Kai: Bobbi Brown
Brand တွေရဲ့သံတမန်ကြီး EXO Kai ဟာ U.S မိတ်ကပ် Brand Bobbi Brown ရဲ့ Brand သံတမန်အဖြစ် 2020 ခုနှစ်၊ အောက်တိုဘာလတုန်းက ခန့်အပ်ခံခဲ့ရတာပါ။ Kai ဟာ Bobbi Brown ရဲ့ ပထမဆုံးခန့်အပ်ခံခဲ့ ရတဲ့ Male Brand သံတမန်ဖြစ်ပါတယ်။
6) EXO Sehun: Dr. Jart+
Dr. Jart+ Brand ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သိပ္ပံပညာ Dermatological နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ အလှ ကုန်ဖြစ်ပါတယ်။ EXO အဖွဲ့ဝင် Sehun ဟာ Brand ရဲ့ တရုတ် ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။
7) Red Velvet Irene: Clinique
သဘာဝအလှတရားရှိပြီး Visual Goddess လို့ တင်စားကြတဲ့ Irene အတွက် မိတ်ကပ် Brand Clinique ဟာ လိုက်ဖက်မှုရှိပါတယ်။ 2020 ခုနှစ် မတ်လက Brand သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
8) GOT7 Jinyoung: Tom Ford Beauty
GOT7 အဖွဲ့ဝင် မင်းသားဖြစ်သူ Jinyoung ဟာ 2020 ခုနှစ် ဖေဖော်ဝါရီလမှာ Tom Ford Beauty ရဲ့ သံတမန် အဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ သူ့ရဲ့ကြော်ငြာ ရေမွှေးဆိုရင် ကြော်ငြာထုတ်လွှင့်ပြီး တစ်ရက်အတွင်း Sold-Out ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
9) Big Bang G-Dragon: Moonshot
ဖက်ရှင်ဘုရင်ကြီး G-Dragon ဟာ Moonshot Brand မှာ မှတ်သားထိုက်စရာကောင်းတဲ့ ပြောဆို ဆိုခွင့်ရှိသူ ဖြစ်ပါတယ်။ Moonshot Brand ဟာ YG Entertainment Artist တွေအများအပြားနဲ့ အလုပ်လုပ်တွေလုပ်ခဲ့တဲ့ Brand ဖြစ်ပါတယ်။ G-Dragon ဟာ Moonshot Brand နဲ့အတူ Cushion foundations ၊ Men’s skincare ၊ Fragrances တွေအပါအဝင် အများအပြားထုတ်လုပ်ခဲ့သူဖြစ်ပါတယ်။
10) NCT: Nature Republic
Nature Republic နဲ့ EXO အဖွဲ့တို့ရဲ့ စာချုပ်ဟာ 2019 ခုနှစ်ကုန်ခါနီးမှာ ကုန်သွားခဲ့ပါတယ်။ နောက်ထပ် Nature Republic နဲ့ လက်တွဲခဲ့တဲ့အဖွဲ့ကတော့ NCT အဖွဲ့ဖြစ်ပါတယ်။ Nature Republic Brand ဟာ တောင်ကိုရီးယားနဲ့ အာရှတစ်ခွင်မှာနာမည်ကြီးတဲ့ အလှကုန် Brand တစ်ခု လည်းဖြစ်ပါတယ်။
-m2t
Ref: Allkpop
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*