K pop

■ Beomgyu ရဲ့ ကြင်နာတတ်ပုံ၊ ဂရုစိုက်ပုံတွေကို သိရင်…

— TXT အဖွဲ့ဝင်တွေဟာ Beomgyu ရဲ့ ကြင်နာတတ်ပုံ၊ ဂရုစိုက်တတ်ပုံတွေကို ကြားပြီး MOA တွေ အရည်ပျော်နေကြ…

TXT အဖွဲ့ဝင်တွေဟာ Live Broadcast မှာ Beomgyu ရဲ့ အကြောင်းတွေကို အခုလိုပြောပြခဲ့တာဖြစ် ပါတယ်။

ပထမဆုံးအနေနဲ့ Yeonjun က “ တစ်ခါတစ်လေမှာ ကျွန်တော့်ရဲ့ စိတ်အခြေအနေဟာ အကောင်း ဘက်မှာမရှိခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်မျှော်လင့်ထားသလို ကောင်းကောင်းမလုပ်နိုင်ခဲ့ လို့ပါ။ ဒါပေမဲ့ အဲဒီခံစားမှုကို ကျွန်တော်အခြားအဖွဲ့ဝင်တွေ မသိအောင်လို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဖုံး ထားတောင်မှ ကျွန်မရဲ့ အမူအရာကို Beomgyu က သတိထားမိပါတယ်။ ပြီးရင် ကျွန်တော့်ကို စာပို့ပြီး စာပို့ပါတယ်။ ‘အဆင်ပြေရဲ့လား…ငါ အမြဲတမ်း မင်းဘက်မှာရှိတယ်’ ဒီလိုမျိုးပို့တာပါ။ သူ့ရဲ့စကားလုံး တွေကို ကျွန်တော့်ရင်ဘက်ကို ထိစေပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီလို Yeonjun က ပြောတဲ့အခါ Beomgyu က “ အဲဒီတုန်းက Yeonjun ဟာ မျက်နှာမကောင်းတာ ကြောင့် တကယ်ကိုစိုးရိမ်ခဲ့တာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။

Soobin က လည်း “ Beomgyu နဲ့ပတ်သက်ပြီး ကျွန်တော့်မှာလည်း ပုံပြင်ရှိပါတယ်။ တစ်နေ့ ကျွန် တော်တို့ရဲ့ Comeback ရွှေ့ဆိုင်းသွားလို့ စိတ်ဓါတ်တွေကျခဲ့ပါတယ်။ အဲဒီနေ့က အခြားအဖွဲ့ဝင်တွေ ကိုတောင် မပြောနိုင်ဘဲ သင်တန်းကို မသွားနိုင်ခဲ့ပါဘူး။ အဲဒီအခါမှာ အခြားအဖွဲ့ဝင်တွေက ကျွန် တော့်ကို ဘာကြောင့် သင်တန်းမလာတာလဲလို့ မက်ဆေ့ချ်တွေပို့ကျပါတယ်။ Beomgyu ရဲ့ မက်ဆေ့ချ်တွေက အများဆုံးဖြစ်လို့ ကျွန်တော်မှတ်မိပါတယ်။ ကျွန်တော့်ကို အဆင်ပြေလား…ကျွန် တော့်ရဲ့ စိုးရိမ်မှုနဲ့ စိတ်ဓါတ်ကျမှုတွေကို မပြောမချင်း ကျွန်တော့်ကို စိုးရိမ်နေခဲ့တာပါ။ သူဟာ တော် တော်လေး ဂရုစိုက်ပြီး ကြင်နာတတ်သူဖြစ်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page