K pop

■ (၇) နှစ်ပြည့် နှစ်ပတ်လည်မှာ Ahgases တွေအတွက် GOT7 အဖွဲ့ဝင်တွေ ပေးတဲ့ မက်ဆေ့ချ်

-UNICODE

– — ဇန်နဝါရီ (၁၆) ရက်နေ့က GOT7 ဟာ ပွဲထွက်တာ (၇) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။(၇) နှစ်ပြည့်မှာတော့…

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၁၆) ရက်နေ့မှာ ပွဲထွက်ခဲ့တဲ့ GOT7 အဖွဲ့ဟာ အခုဆိုရင် (၇) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပါပြီ။

(၇) နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ GOT7 အဖွဲ့ဝင်တွေဟာ JYP Entertainment နဲ့ လမ်းခွဲခဲ့ပြီ ဖြစ်ပါတယ်။ (၇) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ GOT7 ဟာ You Tube မှာ ပရိသတ်တွေအတွက် အမှတ်တရ ဗီဒီယိုဖိုင်တစ်ခု တင်ပေးခဲ့ပါတယ်။

အဲဒီ ဗီဒီယိုဖိုင်ထဲမှာ GOT7 အဖွဲ့ ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် အမှတ်ရဖွယ်အခိုက်အတန့်တွေကို စုစည်းထားပြီး နောက်မှာတော့ Playground သီချင်းပါဝင်ပါတယ်။ ဒါ့အပြင် GOT7 အဖွဲ့ဝင်တွေကလည်း (၇) နှစ်ပြည့် Ahgases တွေအတွက် အမှတ်တရ စကားလက်ဆောင်အသီးသီး ပါးခဲ့ကြပါတယ်။

BamBam ကတော့ GOT7 အဖွဲ့ဝင်တွေ စင်မြင့်ထက်မှာ နောက်ကျောလှည့်ထားတဲ့ ဓာတ်ပုံနဲ့အတူ #IGOT7FOREVER 7years ဆိုတဲ့ Caption ကို ရေးသားထားခဲ့ပါတယ်။

Jacksonကတော့ Twitter ကနေ သူ့အနေနဲ့ ကိုရီးယားကို ပြန်ရောက်လာတာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ဒီကာလအတွင်း အများကြီး ကြီးထွားလာခဲ့ကာ ရင့်ကျက်လာခဲ့ကြောင်း၊ သူ့ကို ထောက်ခံအားပေးခဲ့တဲ့လူတိုင်းကို ကျေးဇူးတင်ကြောင်း၊ ပရိသတ်တွေ ဂုဏ်ယူရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးခဲ့ပါတယ်။

Mark ကတော့ “လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ကျွန်တော်တို့ ပွဲထွက်ခဲ့ပြီး Ahgase တွေနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ိဘေးနားမှာ အချိန်တိုင်း ရှိနေပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်များစွာ၊ ဝမ်းနည်းခဲ့ရတဲ့ အခိုက်အတန့်များစွာကို ကျွန်တော်တို့ကြုံတွေ့ခဲ့ကြရတယ်။Thank you, AhGaSe!”လု့ ိရေးသားခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ (၇) နှစ်ပြည့် နှစ်ပတ်လည်မှာ Ahgases တွေအတွက် GOT7 အဖွဲ့ဝင်တွေ ပေးတဲ့ မက်ဆေ့ခ်ျ








Ref: Koreaboo


You cannot copy content of this page