K pop

■ K-pop သမိုင်းတစ်လျှောက် You Tube မှာ Dislike ရာခိုင်နှုန်းအများဆုံး K-pop MV (၁၀) ပုဒ်

– – -ဒီသီချင်းတွေဟာ ဝမ်းနည်းဖွယ်ရာနဲ့ Dislike ရာခိုင်နှုန်းအများဆုံး ဖြစ်ခဲ့ရပြီး…

K-pop သီချင်းတွေဟာ You Tube မှာ ပျံ့နှံ့စီးဆင်းမှုအားကောင်းလာတာ တွေ့ရမှာပါ။

ဒါကြောင့်ပဲ နာမည်ကျော် K-pop အဖွဲ့တွေ့ရဲ့ သီချင်းတွေဟာ You Tube မှာ အချိန်တိုအတွင်းမှာပဲ Views, Likes များစွာ ရရှိတာကို တွေ့ရမှာပါ။ တစ်ဖက်မှာလည်း နာမည်ကျော် K-pop သီချင်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့်နဲ့ Dislike များစွာ ရရှိတတ်ကြပါတယ်။

ဒါကြောင့် အခုအခါမှာတော့ K-pop သမိုင်းတစ်လျှောက် You Tube မှာ Dislike ရာခိုင်နှုန်းအများဆုံး ရရှိတဲ့ MV တွေကို ဖော်ပြပေးလိုက်ရပါတယ်။

10. “Summer Breeze” – SF9

ဒီသီချင်းကိုတော့ ၂၀၂၀ ခုနှစ်၊ ဇူလိုင် (၅) ရက်နေ့မှာထုတ်ဝေခဲ့တာဖြစ်ပြီး Like 504.7k ရရှိကာ Dislike 85.7k အထိ ရရှိခဲ့ပါတယ်။ ဒါကြောင့် Dislike ရာခိုင်နှုန်းက (၁၄.၅၂) ရာခိုင်နှုန်းအထိ ရှိနေတာပါ။

9. “Vibrato” – Stellar

၂၀၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီသီချင်းကတော့ Like 140.0k ရရှိကာ Dislike 23.9k အထိ ရရှိခဲ့ပါတယ်။ ဒါကြောင့် Dislike ရာခိုင်နှုန်းက (၁၄.၅၈) ရာခိုင်နှုန်းအထိ ရှိနေတာပါ။

8. “Signal” – TWICE

TWICE ရဲ့ နာမည်ကျော်သီချင်း Signal ကလည်း Dislike ရာခိုင်နှုန်း (၁၄.၆၈) ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

7. “I’m So Hot” – MOMOLAND

MOMOLAND ရဲ့ I’m So Hot က Like အရေအတွက် (၁) သန်း ရရှိသလောက် Dislike ကလည်း 178.5k အထိ ရရှိခဲ့ကာ ရာခိုင်နှုန်းအားဖြင့် (၁၅.၁၅) ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

6. “Oppa Is Just My Style” – PSY ft. HyunA

၂၀၁၂ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဒီသီချင်းကတော့ Dislike ရာခိုင်နှုန်း (၁၆.၆၇) အထိ ရှိနေတာ ဖြစ်ပါတယ်။

5. “Hangover” – PSY ft. Snoop Dogg

Snoop Dogg နဲ့ PSY တို့ Collab လုပ်ထားတဲ့ ဒီသီချင်းကို K-Netizens တချို့က အကြိုက်မတွေ့ကြပါဘူး။ ဒီသီချင်းဟာ Like (၂.၁၉) သန်းအထိ ရရှိကာ Dislike က 484.1k ရှိနေတာပါ။

4. “Lonely Christmas” – Crayon Pop

Crayon Pop ရဲ့ Lonely Christmas ကတော့ Dislike ရာခိုင်နှုန်း (၁၈.၅၁) ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

3. “Banana Chacha” by MOMOLAND

MOMOLAND ရဲ့ Banana Chacha ကတော့ Like အရေအတွက် 221.8k အထိရှိကာ dislike က 51.4k အထိ ရှိနေတာ တွေ့ရပါတယ်။

2. “Marionette” – Stellar

၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီသီချင်းကလည်း Dislike ရာခိုင်နှုန်း (၂၄.၅၅) အထိ ရှိနေတာ ဖြစ်ပါတယ်။

1. “For the Night” – As One

၁၉ နှစ်အထက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီ MV ကတော့ K-pop ရဲ့ Dislike အများဆုံး သီချင်းအဖြစ် သတ်မှတ်ခံထားရတာပါ။ ဒီသီချင်းကို ၂၀၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး Like အရေအတွက် 56.8k like သာ ရှိပေမဲ့ Dislike ကတော့ 33.6k အထိရှိနေတာပါ။ ရာခိုင်နှုန်းအားဖြင့် (၃၇.၁၇) ရာခိုင်နှုန်း ရှိနေပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page