K pop

■ TWICE, BLACKPINK, Red Velvet တို့ရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး Line Distributions ခွဲဝေမှုများ

– – – ဒီ အဖွဲ့ (၃) ဖွဲ့ရဲ့ Line Distributions အကောင်းဆုံးနဲ့ အဆိုးဆုံး သီချင်းတွေဟာ စိတ်ဝင်စားစရာကောင်းလှပြီး….

K-pop နယ်ပယ်မှာ Line Distributions ကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။

Line Distributions ခွဲဝေမှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စရပ်တွေကလည်း မကြာခဏ ကြားမြင်နေရတာပါ။ K-pop အဖွဲ့တွေရဲ့ တချို့ Line Distributions တွေဟာ အချိုးအစားညီမျှပြီး မျှတသလို တချို့ Line Distributions တွေဟာလည်း မမျှမတ ဖြစ်ခဲ့တာတွေ ရှိပါတယ်။

အခုအခါမှာတော့ တတိယမျိုးဆက်ရဲ့ ထိပ်တန်း (၃) ဖွဲ့လို့ဆိုရမဲ့ TWICE, BLACKPINK, Red Velvet အဖွဲ့တွေ့ရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး Line Distributions တွေကို ဖော်ပြပေးချင်ပါတယ်။

TWICE

TWICE အဖွဲ့ရဲ့ အကောင်းဆုံး Line Distributions အဖြစ် သတ်မှတ်ခံထားရတာက Feel Special ပါ။ Feel Special မှာ အဖွဲ့ဝင် (၉) ယောက်ရဲ့ Line Distributions ဟာ မျှတတာ တွေ့ရပါတယ်။

အဆိုးဆုံး Line Distributions အဖြစ် သတ်မှတ်ခံထားရတဲ့ Truth သီချင်းပဲ ဖြစ်ပါတယ်။

BLACKPINK

BLACKPINK ရဲ့ အကောင်းဆုံး Line Distributions ကတော့ Kick It ဖြစ်ပြီး အဖွဲ့ဝင်တွေဟာ အချိုးအစားညီမျှစွာ ရရှိတာကို တွေ့ရမှာပါ။

Forever Young သီချင်းကိုတော့ အဆိုးဆုံးအဖြစ် သတ်မှတ်ထားကြပါတယ်။

Red Velvet

Red Velvet ရဲ့ အကောင်းဆုံး Line Distributions ကတော့ Russian Roulette ဖြစ်ပြီး အဆိုးဆုံးကတော့ Automatic အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page