K pop

■ MC တစ်ယောက်လုပ်ရတဲ့ အခက်အခဲကို ညည်းတွားသွားခဲ့တဲ့ Jisoo

-UNICODE

– – – MC လုပ်ရတဲ့အခါ Jisoo အတွက် အခက်ခဲဆုံးအရာက ဘာလဲဆိုတော့….

BLACKPINK အဖွဲ့ဝင် Jisoo က စတိတ်စင်ဖျော်ဖြေမှုတွေမှာ အထာကျကျ၊ ခပ်မိုက်မိုက်နဲ့ တင်ဆက်နိုင်သူ ဖြစ်ပါတယ်။

ဒါပေမဲ့ Jisoo ဟာ အစောပိုင်းမှာတော့ SBS ရဲ့ နာမည်ကျော် အစီအစဉ် Inkigayo မှာ MC အဖြစ် လုပ်ဆောင်ခဲ့ဖူးသူပါ။ Jisoo ဟာ GOT7 အဖွဲ့ဝင် Jinyoung, NCT 127 အဖွဲ့ဝင် Doyoung တို့နဲ့အတူ MC အဖြစ် တွဲဖက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူတို့ (၃) ယောက်ဟာ Jin-Ji-Do ဆိုပြီးလည်း နာမည်ကျော်ခဲ့ပါသေးတယ်။

Jisoo ဟာ MC အဖြစ် လုပ်ကိုင်နေစဉ်ကလည်း ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ Jisoo အတွက်တော့ MC အလုပ်ဟာ မလွယ်ကူခဲ့ပါဘူး။ Jung Yumi’s FM Date Radio Show မှာ BLACKPINK အဖြစ် ဧည့်သည်အဖြစ် လာရောက်စဉ်တုန်းက Jisoo က MC လုပ်ရတဲ့ အခက်အခဲကို ဖွင့်ဟခဲ့ပါတယ်။

Inkigayo MC တစ်ယောက်အနေနဲ့ အနုပညာရှင်တွေကို မိတ်ဆက်တာ၊ အနုပညာရှင်တွေကို အင်တာဗျူးရတာ၊ အပတ်စဉ် အနိုင်ရရှိသူတွေကို ကြေညာတာမျိုး ပြုလုပ်ရတာပါ။ အဲဒီအခါ Jisoo က သူမအနေနဲ့ အမှားသေးသေးလေးတွေ ကျူးလွန်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ဒါက မခက်ခဲပေမဲ့ တစ်ခါတလေတော့ အမှားတွေ ကျူးလွန်မိပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်လို့ ကျွန်မအနေနဲ့ အမှားတေါလုပ်မိတဲ့အခါ ပြန်စလို့ မရပါဘူး။ ဒီလိုအရာမျိုးတွေက ခက်ခဲပါတယ်”လို့ Jisoo က ဖွင့်ဟခဲ့ပါတယ်။

အဲဒီမှာ Host က အမှတ်တရ ဖြစ်မိတဲ့ အမှားမျိုး ရှိသလားလို့ မေးမြန်းခဲ့ရာမှာတော့ Jisoo က သူမအနေနဲ့ အမှတ်ရစရာ အထင်ကရ အမှားမျိုးထက် အမှားသေးသေးလေးတွေကိုသာ ကျူးလွန်ခြင်းဖြစ်ကြောင်းဆိုခဲ့ပါတယ်။ အဲဒီလို အမှားမျိုးကျူးလွန်တဲ့အခါမှာလည်း Jisoo ဟာ Boss တစ်ယောက်လို ပရော်ဖက်ရှင်နယ်ကျကျ ဖြေရှင်းနိုင်ခဲ့တာပါပဲ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI


– – – MC လုပျရတဲ့အခါ Jisoo အတှကျ အခကျခဲဆုံးအရာက ဘာလဲဆိုတော့….







Ref: Koreaboo


You cannot copy content of this page