— – – K Netizen တွေရဲ့ ဝေဖန်မှုကို ကိုယ်စားလှယ်ရှင်းထားပုံက လုံးဝပြန်မပြောနိုင်လောက်အောင် …
Cha Eunwoo, Moon Ga Young နဲ့ Hwang In Yeob တို့ အဓိကအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ True Beauty ဇာတ်လမ်းတွဲဟာ လက်ရှိမှာ ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဇာတ်လမ်းတွဲမှာ တရုတ်ကုန်ပစ္စည်းကြော်ငြာတွေ အရမ်းများလွန်းတယ်ဆိုပြီး K Netizen တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။
အထက်ပုံက အခန်းမှာ JD.com လို့ ရေးထားတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရမှာပါ။ အဲဒီ JD.com ဆိုတာ တရုတ် e-Commerce site ဖြစ်ပါတယ်။ အဲဒီ JD.com ကြော်ငြာကို ကားဂိတ်မှာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
နောက်ကြော်ငြာတစ်ခုကတော့ Ju Gyeong လို့ အမည်ရတဲ့ hotpot ဘူးတွေ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းတွေကလည်း တရုတ်က တင်သွင်းတာဖြစ်လို့ ပရိသတ်တွေက ဒီဇာတ်လမ်းတွဲက တရုတ်ဇာတ်လမ်းတွဲလားဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။
အဲဒီဝေဖန်မှုတွေကို True Beauty ဇာတ်လမ်းတွဲကိုယ်စားလှယ်က လက်ရှိမှာ ကိုရီးယားဇာတ်လမ်းတွဲတွေဟာ တစ်ကမ္ဘာလုံးမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့အတွက် နိုင်ငံတကာက ကြော်ငြာတွေကို လက်ခံရရှိကြောင်း၊ အဲဒီထဲမှာ တရုတ်ကုမ္ပဏီတွေလည်း အပါအဝင်ဖြစ်ကြောင်း ဆိုခဲ့တာ ဖြစ်ပါတယ်။
— ဃဲ
Source: Star Today
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***