K pop

■ ဒါကြောင့်ပဲ Nayeon ကို Selfie Queen လို့ ခေါ်ကြတာပါတဲ့

– – -Nayeon ရဲ့ Selfie ပုံရိပ်တွေဟာ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတာဖြစ်ပြီး…..

TWICE အဖွဲ့ဝင် Nayeon ဟာ Visual ဖြစ်လွန်းပြီး ပရိသတ်တွေကို ဖမ်းစားလေ့ရှိသူဖြစ်ပါတယ်။

အထူးသဖြင့် သူမရဲ့ ချစ်စရာ ပါးဖောင်းဖောင်းလေးနဲ့ ယုန်သွားလေးက ပရိသတ်တွေအမြင်မှာတော့ လုံး၀ ဆွဲဆောင်မှု ရှိလွန်းတာပါ။ ဒါ့အပြင် Nayeon ရဲ့ နောက်ထပ်ထူးခြားချက်က မှန်ရှေ့မှာ Selfie ရိုက်စွမ်းအား ဖြစ်ပါတယ်။

Nayeon ဟာ မှန်ရှေ့မှာ Selfie ရိုက်တဲ့အခါ ဘယ်လောက်အထိ ချစ်စရာကောင်းသလဲဆိုတာ အောက်ပါပုံတွေအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဖြူရောင်ဆွယ်တာ၊ ခေါင်းစွပ်လေးနဲ့ ဆောင်းရာသီ ခံစားချက်အပြည့်နဲ့ Nayeon ရဲ့ Selfie ပုံက ချစ်စရာပါပဲ။

သူမရဲ့ အချစ်တော် ခွေးလေးကိုဖက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မှန်ရှေ့မှာ Selfie ဆွဲနေတဲ့ Nayeon ရဲ့ ပုံစံဟာ အလွန်ဆွဲဆောင်မှု ရှိတာ တွေ့ရမှာပါ။

လေ့ကျင့်ရေးစတူဒီယိုက မှန်ရှေ့မှာလည်း Nayeon က အထာကျကျပို့စ်ပေးပြီး Selfie ဆွဲလိုက်ရမှ။

နောက်ဆုံးမှာ Nayeon ဟာ တစ်ယောက်တည်း Selfie ဆွဲရတာ အားမရလို့ TWICE အဖွဲ့တွေဖြစ်တဲ့ Momo နဲ့ Chaeyoung တို့ကိုပါခေါ်ပြီး အုပ်စုလိုက် Selfie ဆွဲခဲ့ပါသတဲ့။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page